ငါးလတာ အပစ်အခတ်ရပ်စဲကြောင်း စစ်ကောင်စီထုတ်ပြန်

ငါးလတာ အပစ်အခတ်ရပ်စဲကြောင်း စစ်ကောင်စီထုတ်ပြန်

နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား ‌နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ငါးလတာအပစ်ရပ်စဲသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၇ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်သည်။

မကြာမီကျရောက်မည့် ၇၅ ကြိမ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတစ်ဝှမ်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန်လည်းကောင်း တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တိုးမြှင့်နိုင်ရန်အတွက် အပစ်အခတ်ရပ်စဲသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းကာလ ဇူလိုင်လ တတိယအပတ်အတွင်း ရောဂါပိုး ၄၁ ရာခိုင်နှုန်းခန့် ပိုးတွေ့ရှိခဲ့ပြီး ယခု စက်တင်ဘာလကုန်ပိုင်းတွင် ပိုးတွေ့ရှိသူ ၉ ရာခိုင်နှုန်းသာရှိပြီး ၃၀ ရာခိုင်နှုန်းကျော်ခန့် လျှော့ချနိုင်ခဲ့ကြောင်း စစ်ကောင်စီက ဆိုသည်။

ကိုဗစ်ကပ်ရောဂါသည် မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးအချိန်အတိုင်းအတာတစ်ခုအထိ ဂရုပြုစောင့်ကြည့် ကာကွယ်၊ထိန်းချုပ်ရမည့်ဖြစ်ပြီး လက်ရှိတွင်လည်း EAO များတည်ရှိရာဒေသအတွင်းရှိ ပြည်သူများ၊ စစ်ဘေးရှောင်စခန်းရှိပြည်သူများ၊ ရခိုင်ပြည်အတွင်းရှိ IDPs စခန်းများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ထားသည်။

တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိနိုင်ရန်အတွက်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ပါ သဘောတူညီချက်အတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်ဖြစ်ကြောင်းကို ယခင်က အတိတလင်းကြေညာထားခဲ့ပြီး လက်ရှိတွင် ယင်းအတိုင်းလုပ်ဆောင်လျက်ရှိကြောင်း ယနေ့ထုတ်ပြန်ချက်အရ သိရသည်။

တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး ထုတ်ပြန်ချက်များကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့မှ အကြိမ် ၂၀ ထုတ်ပြန်ခဲ့ပြီး ယနေ့အထိ ၂ နှစ်နှင့် ၉ လကျော် အချိန်ကာလပေး၍ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ယခုကြေညာချက်အား လက်တွေ့အကောင်အထည်ဖော် ခိုင်မာနိုင်ရေး၊ စိန်ရတုပြည်ထောင်စုနေ့မတိုင်မီကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်တွေ့ကျကျ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် လုပ်ငန်းစဉ်များကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံကြောင်း စစ်ကောင်စီကဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေသကဲ့သို့ အာဏာသိမ်းမှုကိုမလိုလား၍ ပြည်နယ်အသီးသီးတွင် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့နှင့်လည်း မြန်မာစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိနေသည်။

 
 

 

 

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...