မိုးမောက်မြို့ မိုင်းပေါက်ကွဲမူတွင် စစ်ကောင်စီမှ ၃ ဦး ဒဏ်ရာပြင်းထန်စွာရရှိ

မိုးမောက်မြို့ မိုင်းပေါက်ကွဲမူတွင် စစ်ကောင်စီမှ ၃ ဦး ဒဏ်ရာပြင်းထန်စွာရရှိ

ကချင်ပြည်နယ် မိုးမောက်မြို့ ကျောက်စခန်းလမ်းဆုံ ကျောက်တိုင်အနီး ယနေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်က မိုင်းပေါက်ကွဲမူဖြစ်ရာတွင် စစ်ကောင်စီမှ ၃ ဦး ဒဏ်ရာပြင်းထန်ခဲ့ကြောင်း သိရသည်။

"အဲကျောက်တိုင်နားမှာ မော်တော်ပီကယ်ရုံးလည်းရှိတယ်။ ကျနော်တို့ သိရတာတော့ အဲနားမှာ စစ်ကောင်စီဘက်က လမ်းကြောင်းရှင်းနေတဲ့ချိန်ပေါက်ကွဲတာလို့ သိရတယ်။ ပြီးတော့ စစ်သား (၃) ယောက်ဒဏ်ရာပြင်းထန်တယ်။ ပြီးတော့ အဲနားမှာ ဖြတ်မောင်းလာတဲ့ သုံးဘီးမောင်းတဲ့သူကော ဒဏ်ရာနည်းနည်းရတယ်လို့ သိရတယ်" ဟု နီးစပ်သူတစ်ဦးက ပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ စစ်ကောင်စီတပ်ဖွဲ့သည် စိန်လုံဘက်သို့တက်ရန် လမ်းကြောင်းရှင်းနေချိန် အနီးရှိ ရပ်ထားသည့် ဆိုင်ကယ်တစ်စီး ပေါက်ကွဲခဲ့‌ကြောင်း သိရသည်။

"ဆိုင်ကယ်မှာထည့်ပြီး ရီမုတ်မိုင်းထောင်တဲ့သဘောရှိတယ်။ ဆိုင်ကယ်ကလည်း တစ်စစီ ပြီးတော့ သုံးဘီးတောင်မီး နည်းနည်းလောင်သွားတယ်ဆိုတော့ တော်တော်လေးပြင်းတယ် ပြောကြတယ်" ဟု ဒေသခံတစ်ဦးကပြောသည်။

မိုးမောက်မြို့တွင် မကြာခနဆိုသလို ဗုံးပေါက်ကွဲမူများဖြစ်ခဲ့ကာ စစ်အာဏာသိမ်းပြီးနောက် ပေါက်ကွဲမူ (၇) ကြိမ်ထက်မနည်း ရှိခဲ့ပြီဖြစ်သည်။

 
 

 

 

July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...
July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...