ဒေါ်လာစျေးဆက်တိုက်မြင့်တက်နေမှုကြောင့် ပုဇွန်ရောင်းဝယ်ရေးစျေးကွက်မှာလည်း ပုံမှန်ထက်စျေးမြင့်တက်နေ

ဒေါ်လာစျေးဆက်တိုက်မြင့်တက်နေမှုကြောင့် ပုဇွန်ရောင်းဝယ်ရေးစျေးကွက်မှာလည်း ပုံမှန်ထက်စျေးမြင့်တက်နေ

လက်ရှိတွင်ဒေါ်လာစျေးများ ဆက်တိုက်မြင့်တက်နေမှုကြောင့် ရခိုင်ဒေသမှ ပုဇွန်ရောင်းဝယ်ရေးလုပ်ငန်းများတွင် ပုဇွန်စျေးနှုန်းများမှာလည်း ပုံမှန်ထက်စျေးမြင့်တက်နေသည်ဟု ပုဇွန်ရောင်းဝယ်ရေးလုပ်ကိုင်နေသူများထံမှ သိရသည်။

ပုဇွန်များမှာ ပုံမှန်ထက်စျေးကောင်းရနေသော်လည်း လက်ရှိတွင်ပုဇွန်ထွက်သည့်အချိန်ကာလ မဟုတ်သည့်အတွက် ပုဇွန်ဝယ်ယူသည့်အပိုင်းတွင် လျှော့နည်းလျှက်ရှိသည်ဟု ပေါက်တောမြို့နယ်မှ ပုဇွန်ဒိုင်လုပ်ငန်းရှင်များထံမှ သိရသည်။

“ဒေါ်လာစျေးတွေ ဆက်တိုက်တက်နေတာကြောင့် ပုဇွန်တွေက စျေးတတ်သွားတာဖြစ်တယ်။ ပုဇွန်တွေကစျေးတတ်နေပေမဲ့ အရင်တုန်းကလို့မရတော့ဘူး။ ပုဇွန်ထွက်နှုန်းတွေက နည်းသွားတယ်။ ကျနော်တို့ကတော့ပုဇွန်တွေကို ရန်ကုန်သို့အဓိကတင်ပို့တာဖြစ်တယ်” ဟု ပေါက်တောမြို့မှ MTT ပုဇွန်ဒိုင်ပိုင်ရှင် ဦးမောင်သန်းတင်က DMG ကိုပြောသည်။

ပြီးခဲ့သည့်သြဂုတ်လအတွင်းက ပုဇွန်တစ်ပိဿာကို (အကြီးဆုံးဆိုဒ်) ၂၇၀၀၀ ကျပ်အထိရှိခဲ့ပြီး လက်ရှိမှာတော့ ၃၃၀၀၀ ကျပ်ခန့်အထိ ရရှိနေသည်ဟု သိရသည်။

လက်ရှိတွင် ပုဇွန်များမှာ ပုံမှန်ထက်စျေးရနေသော်လည်း ပုဇွန်ရှာဖွေသူများမှာ စျေးကောင်းရချိန်၌ ပုဇွန်များရှားပါးသည့်အတွက် ရှာဖွေရသည့်အပိုင်းတွင် အခက်အခဲများရှိနေကြသည်ဟုလည်း သိရသည်။

“ပုဇွန်ရှာဖွေနေကြတဲ့သူတွေမှာတော့ အခက်အခဲတွေရှိကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အရင်က ပုဇွန်တွေရှာလို့ရတဲ့အချိန်မှာ စျေးတွေကမကောင်းဘူး။ အခုစျေးကောင်းရချိန်မှာ ပုဇွန်တွေကရှာမရတော့ဘူး။ ပုဇွန်ကဒီအချိန်ဆိုရင် ထွက်နှုန်းတွေကနည်းသွားတယ်။ နွေရာသီ ဧပြီလတွေမှာဆိုရင် ပုဇွန်တွေကပိုရတာဖြစ်တယ်” ဟု ဦးမောင်သန်းတင်က ဆက်ပြောသည်။

အလားတူ ကျောက်ဖြူမြို့နယ်မှ ပုဇွန်အရောင်းအဝယ်ပြုလုပ်နေသည့် ကိုလှရွှေက ”ပုဇွန်စျေးနှုန်းတွေက တက်နေတယ်။ တစ်ပိဿာကို အရင်တုန်းကထက် နှစ်ထောင်သုံးထောင်လောက်ရနေတယ်။ ဒေါ်လာစျေးတွေကတက်တော့ ပုဇွန်စျေးနှုန်းတွေက စျေးကောင်းရနေတာဖြစ်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင်စစ်တပ်မှ အာဏာမသိမ်းခင်အချိန်က အမေရိကန်တစ်ဒေါ်လာကို ကျပ်ငွေ ၁၃၀၀ ဝန်းကျင်သာရှိခဲ့ပြီး လက်ရှိစစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်း ယနေ့စက်တင်ဘာလ ၂၇ ရက်နေ့အထိ အမေရိကန်တစ်ဒေါ်လာကို ၂၂၃၅ ကျပ်အထိ စံချိန်တင်မြင့်တက်နေခြင်းလည်း ဖြစ်သည်။

 
 

 

 

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...