ရခိုင်တွင် စက်သုံးဆီဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်ခြေရှိဟုဆို

ရခိုင်တွင် စက်သုံးဆီဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်ခြေရှိဟုဆို

လတ်တလောတွင် ဒေါ်လာဈေမြင့်တက်နေမှုကြောင့် ရန်ကုန်ဖက်တွင် ဆီဈေးနှုန်းများမြင့်တက်နေပြီး ရန်ကုန်မှရခိုင်သို့ ဆီသယ်ယူသည့်ကားစရိတ်များမှာလည်း မြင့်တက်လာနေသဖြင့် ရခိုင်တွင် စက်သုံးဆီဈေးများ မြင့်တက်လျှက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့၌ ဆီတစ်လီတာလျှင် (၁၃၀၀) ကျော်အထိရှိပြီး သယ်ယူစရိတ်မှာလည်း တစ်လီတာလျှင် (၁၀၀)/(၁၁၀) ကျပ်မှ (၁၃၀)/(၁၄၀) ကျပ်အထိ ဈေးမြင့်တက်လျှက်ရှိကြောင်း သိရသည်။

ယင်းကြောင့် ရခိုင်တွင် အစိုးရဆီမှ ဒေါ်လာတရားဝင်ဝယ်ခွင့်ရရှိကာ ဆီများသွင်းယူရောင်းချနေသည့် စစ်တွေမြို့ရှိ ကျော်ဇံ company နှင့် ဒန်ဂိုဆိုင်များမှလွဲ၍ကျန်နေရာများတွင် ဆီတစ်လီတာကို (၁၅၀၀) ကျော်အထိ ဈေးမြင့်တက်လျှက်ရှိသည်ဟု ရခိုင်ပြည်နယ်စက်သုံးဆီအသင်း (ယာယီ) ဥက္ကဌ ဦးသန်းလှိုင်က ပြောသည်။

"သူတို့ကတော့ အစိုးရသတ်မှတ်ထားတဲ့နှုန်းနဲ့ ဒေါ်လာဝယ်ပြီး သွင်းလို့ရတာကြောင့် ဈေးလျှော့ရောင်းလို့ရတာပေါ့။ ကျနော်မနေ့က စီစစ်သလောက်တော့ စစ်တွေကကျော်ဇံဆိုင်မှာ တလီတာကို တစ်ထောင့်နှစ်ရာ ဆယ့်နှစ်ကျပ်နဲ့ ရောင်းနေတယ်။ သူတို့ဆီမှာတော့ ဈေးသက်သာတာပေါ့။ ကျန်တဲ့ဒေါ်လာနဲ့ဝယ်ယူခွင့်မရတဲ့ ဆိုင်တွေကတော့ ဈေးတက်နေပါတယ်" ဟု ၄င်းကပြောသည်။

ယင်းအပြင် အစိုးရသတ်မှတ်နှုန်းဒေါ်လာဈေးဖြင့် တရားဝင်ယူခွင့်ရနေသည့်ဆိုင်များမှ ရခိုင်တပြည်နယ်လုံးရှိ ဆီဆိုင်မျာအားလုံးသို့ တဆင့်မရောင်းပေးနိုင်သည့်အတွက် တခြားဆီဆိုင်များမှာ ဆီများကို အပြင်ဒေါ်လာပေါက်ဈေးဖြင့် ဝယ်ယူရသလိုဖြစ်နေသောကြောင့် စျေးများ ယခုထက် ပိုမိုမြင့်တက်လာနိုင်သည်ဟုလည်း ၄င်းကဆက်ပြောသည်။

"တော်တော်အခက်အခဲဖြစ်တယ်။ ဈေးကမငြိမ်တော့ ဒီနေ့ရင်းလိုက်တဲ့ပိုက်ဆံက မနက်ဖြန်အရင်းပြန်မရဘူးလေ။ အဲဒီအခက်အခဲကို ကျနော်တို့်ခံစားရတာ ဒီလမှာတော်တော်ထိတာပေါ့။သုံးစွဲသူတွေမပြတ်အောင်လို့ ကျနော့်တို့က အရှုံးခံပြီးရောင်းနေတာ။ နေ့တိုင်းလိုလိုရှုံးနေတာပါပဲ။ ဆိုင်တွေအတွက်တော့ တော်တော်လေးအခက်အခဲဖြစ်တာပေါ့" ဟု ဦးသန်းလှိုင်ကဆိုသည်။

လက်ရှိတွင် မင်းပြားမြို့၌လည်း အောက်တိန်းတစ်ဂါလံကို ပုံမှန် ဈေး (၃၅၀၀) ကျပ်မှ (၆၈၀၀) ကျပ်အထိ ဈေးမြင့်တက်လျှက်ရှိသည့်အတွက် ဝယ်ယူသုံးစွဲသူများမှာ အခက်အခဲများဖြစ်နေကြသည်။

မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာမှ မင်းပြားသို့ခရီးသည်ပို့ဆောင်နေသူ ကိုအေးကျော်ကြီးက "ဈေးကမနေ့က ၆၂၀၀ ဒီနေ့ ၆၈၀၀ တက်သွားတာ။ အရင်တုန်းကတော့ သုံးဘီးမောင်းလို့ရတဲ့ငွေနဲ့ မိသားစုအဆင်ပြေတာပေါ့။ အခုဆီဈေးတက်သွားပြီးတဲ့နောက်ပိုင်း ဆီစရိတ်နှုတ်လိုက်ရင် တစ်သောင်းလောက်ပဲထွက်တယ်။ ကျနော်တို့သုံးဘီးသမားတွေက လူစောင့်ရင် ထမင်းစားပြီးစောင့်ရတဲ့အတွက် ထမင်းစရိတ်ဖိုးတွေနှုတ်လိုက်ရင် အိမ်ကို ငါးထာင်လောက်ပဲပေးနိုင်တယ်" ဟု ဆိုသည်။

ယခင်က အောက်တိန်းဆီတလီတာကို တထောင်ကျပ်သာရှိခဲ့သော်လည်း လက်ရှိတွင် ဒေါ်လာဈေးမငြိမ်သက်မှုများကြောင့် ဈေးမြင့်တက်နေခြင်းဖြစ်ပြီး တချို့ဆိုင်များတွင် ဆီတစ်လီတာကို (၁၇၀၀) ကျပ်အထိ ရောင်းချလျှက်ရှိသည်ဟုလည်း သိရသည်။

 
 

 

 

Most read this week

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...