မြို့သန့်ရှင်းမှုမရှိပါက မြောက်ဦးယဉ်ကျေးမှုဒေသ UNESCO စာရင်းဝင်ရန် များစွာအဟန့်အတားဖြစ်နိုင်

မြို့သန့်ရှင်းမှုမရှိပါက မြောက်ဦးယဉ်ကျေးမှုဒေသ UNESCO စာရင်းဝင်ရန် များစွာအဟန့်အတားဖြစ်နိုင်
မြောက်ဦးလူငယ်များအစည်းအရုံး
မြောက်ဦးလူငယ်များအစည်းအရုံး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ယဉ်ကျေးမှုဒေသကို UNESCO စာရင်းဝင်နိုင်ရေး မြို့သန့်ရှင်းမှုရှိရန်လည်းလိုအပ်သည်ဟု မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနအသင်း တာဝန်ရှိသူက ပြောသည်။

ဒေသခံပြည်သူများအနေဖြင့် အမှိုက်များကို စနစ်တကျစွန့်ပစ်ရန်၊ စနစ်တကျသိမ်းဆည်းရန်လိုအပ်ပြီး မြို့သန့်ရှင်းမှုမရှိပါက မြောက်ဦးမြို့ယဉ်ကျေးမှုဒေသကို UNESCO စာရင်းဝင်နိုင်ရန်အတွက် များစွာအဟန့်အတားဖြစ်လာနိုင်သည်ဟု မြန်မာနိုင်ငံရှေးဟောင်းသုတေတနအသင်း ဥက္ကဋ္ဌ ဒေါ်ဥမ္မာမျိုးက ပြောသည်။

“လမ်းပေါ်မှာ အမှိုက်ပစ်တာတော့ စနစ်တကျ စွန့်ပစ်တာမရှိဘဲ ချောင်းတွေမြောင်းတွေမှာ ပစ်နေမယ်ဆိုရင် ကိုယ်တို့ရဲ့အကျင့်စရိုက်တွေကို အများကြီးပြုပြင်ပြောင်းလဲဖို့လိုအပ်ပါတယ်။ ဘယ်လိုမှ ပြောင်းလဲလို့မရဘူးဆိုရင်တော့ UNESCO ဝင်ရောက်ရေးကို ထိုက်တန်လား မတန်ဘူးလားဆိုတာကို ပညာရှင်တွေ လာကြည့်တဲ့အခါမှာ အဟန့်အတားဖြစ်နိုင်တယ်" ဟု ဆိုသည်။

"ဒေသခံတွေတောင်မှ သူတို့ဒေသကို တန်ဖိုးမထားဘူးပဲ။ ငါတို ့ကဘာလို့တန်ဖိုးထားရမှာလဲဆိုပြီး အတွေးတွေ ဝင်သွားနိုင်တယ်။ ဒါကြောင့်မို့လို့ ဒီလိုမြို့သန့်ရှင်းရေးမရှိတာကလည်း UNESCO ဝင်ရောက်ဖို့အတွက် အဟန့်အတားတွေ ဖြစ်နိုင်ပါတယ်“ ဟု ၎င်းက ဆက်ပြောသည်။

မြို့သန့်ရှင်းမှုမရှိခြင်းမှာ UNESCO စာရင်းဝင်နိုင်ဖို့ ယဉ်ကျေးမှုအမွေအနှစ်များကို အဟန့်အတားဖြစ်စေပြီး UNESCO ဝင်ရောက်နိုင်ရန်အတွက် ဒေသခံပြည်သူများ၊ သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့်လည်း ပူးပေါင်းထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ပေသည်။

မြောက်ဦးယဉ်ကျေးမှုသာ UNESCO စာရင်းဝင်သွားပါက ခရီးသွားလုပ်ငန်းများနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုများစွာ ရှိလာနိုင်သည်ဟုလည်း ပြောဆိုသည်။

သို့သော်လည်း လက်ရှိမြောက်ဦးမြို့တွင် ဒေသခံများအနေဖြင့် အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်းမရှိခြင်း၊ စည်ပင်အနေဖြင့်လည်း အမှိုက်များကိုပုံမှန်သိမ်းဆည်းခြင်းမရှိသည့်အတွက် ဘုရား၊ စေတီအနီး၊ ချောင်းမြောင်းများ၊ စျေးအနီး၊ သျှစ်သောင်းပုထိုးအနီး စသည့်နေရာအနှံ့အပြားတွင် အမှိုက်များ ညစ်ညမ်းစွာပြန့်ကြဲမှုများရှိနေသည်။

အမှိုက်များကို စွန့်ပစ်ခြင်းမရှိပါက မြို့ညစ်ညမ်းမှုအပြင် သဘာဝလေထုညစ်ညမ်းခြင်းကြောင့် ကျန်းမာရေးလည်း ထိခိုက်လာနိုင်သည်ဟု မြောက်ဦးလူငယ်များအစည်းအရုံး ဥက္ကဋ္ဌ ကိုခိုင်မင်းသျှင်ကပြောသည်။

“မြို့မှာနေတဲ့သူတွေအနေနဲ့ အမှိုက်တွေကိုစည်းကမ်းတကျ မစွန့်ပစ်တာ၊ စည်ပင်ကလည်း အမှိုက်သိမ်းဖို့ ပုံမှန်မလာတာရယ်နေရာတွေရှိတယ်။ အမှိုက်ပုံတွေချထားတာရယ်၊ အမှိုက်တွေကို ပုံမှန်သိမ်းဆည်းမယ်ဆိုရင်တော့ ချောင်းတွေမှာလည်း အမှိုက်ပစ်ကြမှာ မဟုတ်ဘူး။ တချို့နေရာတွေမှာ အမှိုက်ပုံးတွေကို စည်ပင်က သိမ်းသွားတဲ့အတွက် အမှိုက်ပုံးမရှိရင်လည်း အဲဒီနေရာမှာပဲ စွန့်ပစ်ကြတာလည်းရှိတယ်“ ဟု ဆိုသည်။

မြောက်ဦးမြို့တွင် ရပ်ကွက်အလိုက် ခေါင်းလောင်းတီးအမှိုက်သိမ်းစနစ်နှင့် အမှိုက်ကားဖြင့် လိုက်လံသိမ်းဆည်းနေသည်ဟု မြောက်ဦးစည်ပင်သာယာရေးအဖွဲဲ့မှ ပြောသည်။

အမှိုက်များကို စနစ်တကျစွန့်ပစ်ရန်နှင့် တချို့နေရာများတွင် အမှိုက်များကို မပစ်ရဟု ဗီနိုင်းများကပ်ထားခြင်း၊ အမှိုက်ပစ်ရန် သတ်မှတ်ထားသည့်နေရာများတွင် အမှိုက်မပစ်ပဲ နီးစပ်ရာနေရာများနှင့် ကွင်းပြင်နေရာများတွင် စည်းကမ်းမဲ့စွာ အလွယ်တကူစွန့်ပစ်ကြသည်ဟု မြောက်ဦးစည်ပင်သာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရွှေမောင်ကပြောသည်။

“တာဝန်ယူမှု တာဝန်ခံမှုအပိုင်းကို ပြောရမယ်ဆိုရင် ပြည်သူကလည်း သိဖို့လိုအပ်တယ်။ ပြည်သူအနေနဲ့လည်း လိုက်နာဆောင်ရွက်ဖို့လိုတယ်။ ခေါင်းလောင်းတီးစနစ်နဲ့ အမှိုက်သိမ်းရင်လည်း အဲဒီအချိန်မှာ သူတို့ကလာမထည့်ကြဘူး။ ဒါကြောင့်မို့လို့ ပြည်သူတွေအနေနဲ့လည်း ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် လိုက်နာဖို့လိုအပ်ပါတယ်။ စည်ပင်ကသိမ်းလိုက် ပြည်သူတွေက ဖြစ်သလို ပစ်လိုက်ဆိုရင်တော့ အရင်လိုပဲပြန်ဖြစ်သွားမှာပါ” ဟု ဆိုသည်။

မြောက်ဦးမြို့တွင် အမှိုက်နှင့်ပတ်သက်ပြီး မြောက်ဦးလူငယ်များ အစည်းအရုံးအနေဖြင့် လာမည့်ပွင့်လင်းရာသီတွင် အမှိုက်ကန်ပိန်းများ၊ လူအများသွားလာသည့်နေရာများတွင် အမှိုက်ပုံးများချရန် စီစဉ်ထားကြောင်းလည်း သိရသည်။

Photo Crd - မြောက်ဦးလူငယ်များအစည်းအရုံး

Most read this week

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...