ဂုံးစျေးနှုန်းကျနေ၍ ဂုံးကောက်ယူရောင်းချနေသူများ အဆင်မပြေ

ဂုံးစျေးနှုန်းကျနေ၍ ဂုံးကောက်ယူရောင်းချနေသူများ အဆင်မပြေ

ကိုဗစ်ရောဂါနှင့် နိုင်ငံရေးအခြေအနေကြောင့် ယခုနှစ်တွင် ဂုံးစျေးများကျဆင်းလာသဖြင့် ဂုံးကောက်ယူရောင်းချနေသူများနှင့် ဂုံးမွေးမြူရေးလုပ်ကိုင်နေသူများမှာ အဆင်မပြေမှုများရှိနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ယခင်နှစ်များက ဂုံးတစ်ကီလိုလျှင် ၃၅၀၀ ကျပ်အထိစျေးရှိခဲ့သော်လည်း ယခုနှစ်တွင် ဂုံးတစ်ကီလိုလျှင် ၂၅၀၀ ကျပ်သာစျေးနှုန်းရှိကြောင်း ဂုံးရောင်းချသူများထံမှ သိရသည်။

ယင်းသို့ ဂုံးစျေးနှုန်းကျဆင်းလာ၍ ဂုံးမွေးမြူရေးလုပ်ကိုင်နေသူများမှာ လုပ်ငန်းအဆင်မပြေဖြစ်လာကြောင်း တောင်ကုတ်မြို့နယ် ခရိုင်ကျေးရွာမှ ဂုံးမွေးမြူရေးလုပ်ကိုင်သူ ကိုမောင်မောင်ရီက DMG သို့ ပြောသည်။

"ဂုံးစျေးတွေကကျတယ်။ ဒီနှစ်ထဲမှာ တစ်ကီလိုကို ၂၅၀၀ ဘဲရတယ်။ သားပေါက်ဝယ်ယူတာနဲ့ လုပ်အားအတွက် အခြေအနေမကောင်းဘူး။ အရင်းတိတိရဖို့တောင် မလွယ်ဘူး။ ဒီနှစ်က ဂုံးအသေအပျောက်လဲများတယ်" ဟု ၎င်းကဆိုသည်။

ယင်းအပြင် ဂုံးများရှားပါးခြင်းကြောင့်လည်း မြစ်ပြင်တွင် ဂုံးရှာဖွေသူများမှာ ယခင်နှစ်က လုတစ်ဦးတစ်နေ့ရှာဖွေလျှင် ဂုံး ၁၀ ကီလိုအထက်ရရှိကြသော်လည်း ယခုနှစ်တွင် တစ်နေ့လျှင် ၅ ကီလိုခန့်ရရှိရန်ပင် ခက်ခဲလာနေကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံခြားသို့ ဂုံးများတင်ပို့နေသည့် ကုန်သည်များမှာလည်း လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် တင်ပို့ရာတွင် အရှုံးနှင့်ရင်ဆိုင်နေရကြောင်း တောင်ကုတ်မြို့နယ်မှ ဂုံးရောင်းဝယ်ရေးပြုလုပ်နေသည့် ကိုရွှေမြကပြောသည်။

"ကျနော်တို့လဲ အရှုံးနဲ့ရင်ဆိုင်ရတယ်။ အခု ကုန်တင်ခစျေးတွေကမြင့်တက်သွားတာ၊ လမ်းတွေကကြန့်ကြာပြီး ဂုံးတွေကအသေအပျောက်များတယ်။ ထပ်ပြီး ဂုံးစျေးကနိမ့်တော့ ကျနော်တို့လဲ တော်တော်အခက်အခဲဖြစ်တယ်။ ဒီမှာကလဲ စျေးကိုလျှော့လို့မရဘူး။ ဒီအတိုင်းရေရှည်ဆိုရင်အဆင်မပြေဖြစ်မှာသေချာတယ်" ဟု ၎င်းကဆိုသည်။

၂၀၁၉ ခုနှစ် ကိုဗစ်ရောဂါဖြစ်ပွားချိန်မှ စတင်ကာ ရခိုင်ပြည်နယ်အတွင်းက ငါး၊ ပုဇွန်၊ ဂဏန်း၊ ဂုံး စသည့်ရေထွက်ပစ္စည်း ရောင်းဝယ်ရေးပြုလုပ်သူများမှာ အရှုံးနှင့်ရင်ဆိုင်နေကြရပြီး လုပ်ငန်းရပ်နားလိုက်ရသည့် ကုန်သည်အချို့လည်းရှိကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...