မုံးကိုးမြို့ စစ်ရှောင်နှင့် ပရဟိတသမား (၁၀၀) ကျော် ကိုဗစ်ကူးစက်ခံရ

မုံးကိုးမြို့ စစ်ရှောင်နှင့် ပရဟိတသမား (၁၀၀) ကျော် ကိုဗစ်ကူးစက်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့အတွင်းရှိ စစ်ရှောင်များနှင့် ပရဟိတ (၁၀၀) ကျော် ကိုဗစ်-၁၉ ကူးစက်ခံနေရကြောင်း သတင်းရရှိသည်။

ယမန်နေ့ (စက်တင်ဘာ ၂၃) ရက်အထိ မုံးကိုးမြို့အတွင်းရှိ စစ်ဘေးရှောင်စခန်းတွင် တည်းခိုနေထိုင်ရသည့် စစ်ရှောင် (၉၇) ဦးနှင့် ပရဟိတသမား (၅) ဦးတို့ ကိုဗစ်-၁၉ ကူးစက်မှုရှိလာကြောင်း မုံးကိုးမြို့နေ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က စစ်ရှောင်စခန်းက ဖျားတဲ့သူတွေ၊ နေမကောင်းဖြစ်တဲ့သူတွေကို ကိုဗစ် ရှိ/မရှိ စစ်ဆေးတာ ၁၈ ဦးတွေ့တယ်၊ ဒါက အရမ်းနေမကောင်းဖြစ်နေတဲ့သူတွေကိုပဲ ရွေးစစ်ထားတာ၊ အခုဆို စစ်ရှောင်စခန်းက လူနာတွေကို ထားဖို့အတွက် နေရာက တော်တော်ခက်ခဲလာပြီ” ဟု စစ်ရှောင်ကူညီနေသည့် အမျိုးသားတစ်ဦးက ဆိုသည်။

မုံးကိုးမြို့ရှိ စစ်ဘေးရှောင်များကို ပထမအကြိမ်တွင် ဆေးစစ်ရာ ၃၇ ဦး၊ ဒုတိယအအကြိမ်တွင် ၄၂ ဦး၊ တတိယအကြိမ်တွင် ၁၈ ဦး နှင့် ယမန်နေ့ စက်တင်ဘာလ ၂၄ ရက်နေ့တွင် စတုတ္ထအကြိမ်စစ်ဆေးရာ ၁၈ ဦးတွေ့ရှိခဲ့ကြောင်းနှင့် လက်ရှိတွင် စစ်ရှောင်စခန်းမှ ကိုဗစ်–၁၉ အတည်ပြု ပိုးတွေ့လူနာများတချို့သည် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသပေးနေလျက်ရှိကြောင်းလည်း ၎င်းကပြောသည်။

“အခုဆို စစ်ရှောင်စခန်းမှာ ကိုဗစ် လူနာတွေကို ထားဖို့တော့တော်တော်ခက်ခဲလာတယ်၊ အဲ့ကြောင့် စစ်ရှောင် စခန်းက ကိုဗစ်အတည်ပြုလူနာ ၄၀ ဦးကို ပြည်သူ့ဆေးရုံကို ပို့ထားရတယ်” ဟု ၎င်းက ပြောသည်။

စစ်ရှောင်စခန်းတွင် ယင်းကဲ့သို့ ကိုဗစ်–၁၉ ရောဂါကူးစက်မှု များလာသည့် အတွက်ကြောင့် တိုက်ပွဲငြိမ် သက် ခြင်းမရှိသေးသော်လည်း မန်ခွမ် ဇွပ်ရာရွာ၊ နောင်လျန်ရွာ၊ နမ့်ဟာရွာတို့ မှ မိသားစု ၁၇ စုမှာ နေရပ်ပြန်သွားကြကြောင်းလည်း သိရသည်။

မုံးကိုးမြို့ ဒေသအတွင်းတွင် ဩဂုတ်လ ကုန်ပိုင်းမှစတင်ပြီး ယနေ့ချိန်ထိ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲပြင်းထန်ခဲ့သောကြောင့် ဒေသခံ ကျေးရွာနေ ပြည်သူ ၇၀၀ ကျော်ခန့်က မုံးကိုးမြို့ပေါ်ရှိ ဘာသာရေး ဘုရားကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင် ထွက်ပြေး တိမ်းရှောင်နေရကြောင်းသိရသည်။

 

 
 

 

 

May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...