ကာမိုင်း မအူပင်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ကာမိုင်း မအူပင်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ဖားကန့်မြို့နယ် ကာမိုင်းမြို့ မအူပင်ကျေးရွာတွင် အမျိုးသားတစ်ဦး စက်တင်ဘာလ ၂၃ ရက်နေ့ ညက ပစ်သတ်ခံထားရကြောင်း သိရသည်။

သေဆုံးသွားသူမှာ ကာမိုင်း ကောင်ရာရပ်ကွက် ၁ တွင်နေထိုင်သူဖြစ်ကာ ယမန်နေ့ည ၁၁ နာရီခွဲဝန်းကျင်ခန့်က မအူပင်တါင် ပစ်သတ်ခံရပြီး မည်သည့်အဖွဲ့အစည်းက လာရောက်ပစ်သတ်ထားသည်ကို မသိရကြောင်း ကာမိုင်းဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ပစ်သတ်ခံရတာက မအူပင်စုမှာ သေနေတဲ့အလောင်းတွေ့ရတယ်။ ရှေ့ကနေပစ်ထားတဲ့ သေနတ်ဒဏ်ရာတွေ့တယ်လို့ ပြောနေကြတယ်။ အခုချိန်ထိ ဘယ်အဖွဲ့အစည်းက ပစ်တယ်လို့မသိရဘူးတဲ့။” ဟု ပြောဆိုသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသူမှာ အသက် ၄၀ အရွယ် ဦးမရန်ဇော်ဖန်ဆိုသူဖြစ်ပြီး ကလေး ၂ ဦး၏ ဖခင်ဖြစ်သည်။

ဦးမရန်ဇော်ဖန်မှာ မူယစ်ဆေးဝါးသုံးစွဲသူဖြစ်ပြီး ရောင်းဝယ်မှုလည်းရှိကြောင်းနှင့် လက်ရှိသေဆုံးနေသည့်နေရာမှာ မူးယစ်ဆေးဝါးရောင်းဝယ်သည့် နေရာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများပြောဆိုချက်မှ သိရသည်။

ပြီးခဲ့သော ဩဂုတ်လ ၁၁ ရက်နေ့ကလည်း မအူပင်ပြည်သူ့စစ်ခေါင်းဆောင် ဦးတင်အောင်သည် ကာမိုင်းနှင့် မအူပင်ကြားတွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

 
 

 

 

July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...
July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...