ကာမိုင်း မအူပင်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ကာမိုင်း မအူပင်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ဖားကန့်မြို့နယ် ကာမိုင်းမြို့ မအူပင်ကျေးရွာတွင် အမျိုးသားတစ်ဦး စက်တင်ဘာလ ၂၃ ရက်နေ့ ညက ပစ်သတ်ခံထားရကြောင်း သိရသည်။

သေဆုံးသွားသူမှာ ကာမိုင်း ကောင်ရာရပ်ကွက် ၁ တွင်နေထိုင်သူဖြစ်ကာ ယမန်နေ့ည ၁၁ နာရီခွဲဝန်းကျင်ခန့်က မအူပင်တါင် ပစ်သတ်ခံရပြီး မည်သည့်အဖွဲ့အစည်းက လာရောက်ပစ်သတ်ထားသည်ကို မသိရကြောင်း ကာမိုင်းဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ပစ်သတ်ခံရတာက မအူပင်စုမှာ သေနေတဲ့အလောင်းတွေ့ရတယ်။ ရှေ့ကနေပစ်ထားတဲ့ သေနတ်ဒဏ်ရာတွေ့တယ်လို့ ပြောနေကြတယ်။ အခုချိန်ထိ ဘယ်အဖွဲ့အစည်းက ပစ်တယ်လို့မသိရဘူးတဲ့။” ဟု ပြောဆိုသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသူမှာ အသက် ၄၀ အရွယ် ဦးမရန်ဇော်ဖန်ဆိုသူဖြစ်ပြီး ကလေး ၂ ဦး၏ ဖခင်ဖြစ်သည်။

ဦးမရန်ဇော်ဖန်မှာ မူယစ်ဆေးဝါးသုံးစွဲသူဖြစ်ပြီး ရောင်းဝယ်မှုလည်းရှိကြောင်းနှင့် လက်ရှိသေဆုံးနေသည့်နေရာမှာ မူးယစ်ဆေးဝါးရောင်းဝယ်သည့် နေရာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများပြောဆိုချက်မှ သိရသည်။

ပြီးခဲ့သော ဩဂုတ်လ ၁၁ ရက်နေ့ကလည်း မအူပင်ပြည်သူ့စစ်ခေါင်းဆောင် ဦးတင်အောင်သည် ကာမိုင်းနှင့် မအူပင်ကြားတွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

 
 

 

 

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...