ပန်ဆိုင်း (ကြူကုတ်) တွင် လှည့်လည်ဈေးရောင်းနေသော အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ပန်ဆိုင်း (ကြူကုတ်) တွင် လှည့်လည်ဈေးရောင်းနေသော အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ရှမ်းပြည်နာ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ်ခွဲ၊ မန်မိုင်ရွာဘက်တွင် ဆိုင်ကယ်ဖြင့် လှည့်လည်ဈေးရောင်းနေသော အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။

စက်တင်ဘာလ ၂၂ ရက်နေ့  မနက် ၉ နာရီကျော်တွင် ပန်ဆိုင်းမှ ကျင်းစန်းကျော့သွားလမ်း မန်မိုင်ရွာတွင် တံမျက်စည်း၊ ကြက်မွှေး လှည့်ပတ်ရောင်းနေသော အမျိုးသားတစ်ဦးကို အမည်မသိအဖွဲ့က သေနတ် ၃ ချက်ခန့် ပစ်ခတ်သွားပြီးနောက် သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။

"ဟုတ်ပါတယ်။ သူတို့ ကျွန်တော့်ဆီ ဖုန်းဆက်တာတော့ ၁၁ နာရီဝန်းကျင်လောက်ရှိမှာပေါ့။ အဲဒါ ပန်ဆိုင်း လူမှုကူညီရေးအသင်းကနေ အကူအညီတောင်းတာ။ ပန်ဆိုင်းဈေးကနေပြီးတော့မှ ဒီ ကျင်းစန်းကျော့ သွားတဲ့ဘက်ပေါ့။ ကျွန်တော်တို့ ပန်ဆိုင်လူမှုကူညီရေးအသင်းက အကူအညီတောင်းလာလို့ သွားသယ်ပေးတာပေါ့နော်။" ဟု ကူညီပေးခဲ့သူက ပြောသည်။

သေဆုံသွားတဲ့သူမှာ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် သဲစုရွာမှ အသက် ၃၀ ကျော်အရွယ်ရှိ ချမ်းငြိမ်းအောင်ဆိုသူဖြစ်ပြီး ဘယ်ရင်အုံနား၊ ရင်ညွှန့်အောက်ဘေးနားနှင့် ညာနံရိုးတို့တွင် သေနတ်ကျည်ထိမှန်ဒဏ်ရာ သုံးချက်ဖြင့် သေဆုံး‌နေသည်ဟု ဆိုသည်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့် မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

 
 

 

 

Most read this week

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...