မာန်အောင်မြို့နယ်တွင် အုန်းသီးစျေးနှုန်း ထိုးကျ

မာန်အောင်မြို့နယ်တွင် အုန်းသီးစျေးနှုန်း ထိုးကျ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် အုန်းသီးစျေးနှုန်းများ ယခင်နှစ်ထက် ၄ ဆခန့်ထိုးကျသွားခဲ့ကြောင်း မာန်အောင်မြို့နယ်မှ အုန်းသီးရောင်းဝယ်ရေးလုပ်ကိုင်နေသူများထံမှ သိရသည်။

ယခင်နှစ်က မာန်အောင်မြို့နယ်တွင် အုန်းသီးတစ်လုံးကို ၅၀၀ ကျပ်အထိရရှိခဲ့သော်လည်း လက်ရှိမှာ အုန်းသီးတစ်လုံးကို အပင်ပေါ်စျေး ၁၀၀ ကျပ်သာ စျေးရရှိကြောင်းသိရသည်။

"အုန်းသီးစျေးက အခုတော့ နည်းနည်းစျေးကျတယ်။ ဘာလို့လဲ ဆိုတော့ ပြည်မကိုတင်ပို့လို့မရဘူး။ ကုန်တင်ခတွေလဲ စျေးအရမ်းကြီးတယ်။ အဲဒါကြောင့် စျေးကနိမ့်နေတာဖြစ်တယ်" ဟု မာန်အောင်မြို့နယ်မှ အုန်းသီးရောင်းဝယ်ရေးလုပ်ကိုင်သူ ဦးလူလှကပြောသည်။

မာန်အောင်မြို့နယ်တွင် အုန်းပင်အရေအတွက်စုစုပေါင်း လေးထောင်ခန့်ရှိရာ တစ်နှစ်လျှင်အုန်းသီးအလုံးရေ သိန်း ၅၀ ခန့်အထိ ထွက်ရှိကြောင်း သိရသည်။

ယခင်က မာန်အောင်မြို့နယ်တွင် အုန်းသီးစျေးနှုန်းမကောင်းခဲ့သော်လည်း ၂၀၁၈ ခုနှစ်ကတည်ဆောက်ခဲ့သည့် အုန်းသီးကုန်ချောထုတ်စက်ရုံတည်ဆောက်ပြီးနောက်မှာ အုန်သီးတစ်လုံး ငွေကျပ် ၅၀၀ အထိ စျေးရရှိလာခဲ့ခြင်းဖြစ်သည်။

သို့သော် အုန်းသီးကုန်ချောထုတ်စက်ရုံမှာ ၂၀၂၀ ခုနှစ်တွင် စက်ရုံလည်ပတ်နိုင်ရေးအတွက် ပြင်ဆင်ခဲ့သော်လည်း ကိုဗစ်ရောဂါအခြေအနေကြောင့် ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း စက်ရုံတာဝန်ရှိသူက ပြောဆိုသည်။

အုန်းသီးကုန်ချောထုတ်စက်ရုံအနေဖြင့်လည်း ယခုနှစ်တွင် အုန်းသီးကို စျေးကောင်းပေးဝယ်ရန်အခက်တွေ့နေရကြောင်း အုန်းသီးကုန်ချောထုတ်စက်ရုံလုပ်ကိုင်နေသည့် မာန်အောင်ရတနာကုမ္ပဏီမှ တာဝန်ရှိသူ ဦးအောင်သန်းကပြောသည်။

"အခုအုန်းသီးစျေးကွက်က ပြည်ပစျေး ၂၈၀ လောက်စျေးရှိတယ်။ အခုဒီမှာ ၁၅၀ စျေးနဲ့ ဝယ်ယူနေရတယ်။ အရင်ထက် စျေးကျသွားတာပေါ့" ဟု ၎င်းကဆိုသည်။

မာန်အောင်မြို့နယ်အုန်းသီးကုန်ချောထုတ်စက်ရုံမှ ကုန်ချော ၆ မျိုးထုတ်လုပ်ရန်ပြင်ဆင်ထားပြီး မာန်အောင်မြို့နယ်အပြင် ရမ်းဗြဲနှင့် သံတွဲမြို့နယ်တို့မှ အုန်းသီးများကိုပါဝယ်ယူနိုင်ရန်လည်း စီစဉ်ထားကြောင်း သိရသည်။

အဆိုပါစက်ရုံမှ အုန်းသီးစားသုံးဆီနှင့် အုန်းနို့ကုန်ချော ၂ မျိုးကို စမ်းသပ်ထုတ်လုပ်ခဲ့သော်လည်း လက်ရှိမှာ ကိုဗစ်အခြေအနေကြောင့် စက်ရုံကိုရပ်နားထားရကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...