ကသာ တိုက်ပွဲသတင်းများ အလျင်စလိုမတင်ပေးကြရန် Katha-PDF အဖွဲ့ ထုတ်ပြန်

ကသာ တိုက်ပွဲသတင်းများ အလျင်စလိုမတင်ပေးကြရန် Katha-PDF အဖွဲ့ ထုတ်ပြန်

ကသာမြို့နယ်အတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲသတင်းများကို အလျင်စလို မတင်ပေးကြရန်နှင့် တိုက်ပွဲသတင်းများကို NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှတဆင့် ထုတ်ပြန်သွားမည်ဟု ကသာ ပြည်သူ့ကာကွယ်ရေးတပ် PDF က စက်တင်ဘာ ၂၀ ရက် ညနေပိုင်းက ထုတ်ပြန်ထားသည်။

“ကသာတွင်ဖြစ်တဲ့ တိုက်ပွဲသတင်းများကို အလျင်စလိုမတင်ပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။ Operation များမပြီးပြတ်သေးသောကြောင့် အခက်အခဲများမပေါ်ပေါက်စေရန် သတိပြုကြစေခြင်ပါသည်။ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းများကို ထုတ်ပြန်ပေးပါမည်။ ကသာ PDF အနေဖြင့် လိုအပ်သည့် မြေပြင်သတင်းများကို MOD သို့ပေးပို့ထားပြီဖြစ်ပါသည်” ဟု People’s Defense Force-Katha အမည်ရှိ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ထိုနောက် ကသာ ဗန်းမော်လမ်းပိုင်းနှင့် ကသာအထက်ဘက် လမ်းကြောင်းတွင် သွားလာသော ခရီးသွားပြည်သူများအနေဖြင့် သတိထားခြင်းဖြင့် သွားလာကြရန် ယမန်နေ့ညတွင် ထပ်မံရေးသား ထုတ်ပြန်ထားသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန စက်တင်ဘာလ ၂၀ ရက်နေ့ည ထုတ်ပြန်ချက်အရ ကသာမြို့နယ် မိုးဒါးတိုက်နယ်အနီးတဝိုက်တွင် စစ်အင်အား တိုးချဲ့လာသည့် အာဏာသိမ်းအဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ကသာ PDF တို့ပူပေါင်းကာ ယမန်နေ့က မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီဘက် ၄၀ ဦးခန့်သေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း ထုတ်ပြန်ထားသည်။

ကသာမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ဒေသခံတစ်ဦးက “တိုက်ပွဲဖြစ်ပွားခဲ့တာမှန်ပါတယ်။ KIA နဲ့ ကသာ PDF တို့က စစ်အင်အားတိုးချဲ့လာတဲ့ အာဏာသိမ်းစစ်တပ်အဖွဲ့ကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့သိရတယ်။ စစ်ကောင်စီတပ်ဘက်က စစ်အင်အား ၇၀ လောက်ရှိတာကို ၁၀ ယောက်လောက်ဘဲ လွတ်တယ်လို့ကြားတယ်” ဟု PDF နှင့်နီးစပ်သည့် ကသာဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

ကသာမြို့နယ်နှင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းအစပ်တွင်တည်ရှိပြီး ဧရာဝတီမြစ်ဘေးတွင်ရှိသော မြို့ဖြစ်သောကြောင့် စစ်ကောင်စီက ကချင်ပြည်နယ်သို့ စစ်အင်အားတိုးချဲ့ရန် ဖြတ်သန်းသွားလာနေသော ဒေသတစ်ခုလည်း ဖြစ်သည်။

အဆိုပါဒေသသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ အောက် တပ်ရင်း ၅ လှုပ်ရှားသော နယ်မြေဖြစ်သည်ဟု သိရသည်။

Most read this week

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...