စစ်ကောင်စီတပ်က လူနေအိမ်ဖျက်ဆီးပြီး ဆန်နဲ့ တန်ဖိုးရှိပစ္စည်းများ ယူသွား

စစ်ကောင်စီတပ်က လူနေအိမ်ဖျက်ဆီးပြီး ဆန်နဲ့ တန်ဖိုးရှိပစ္စည်းများ ယူသွား

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင်၊ ပန်ဆိုင်း (ကြူကုတ်) မြို့နယ်ခွဲ ကောင်းစထီးကျေးရွာရှိ နေအိမ်တစ်အိမ်ကို စက်တင်ဘာလ ၂၀ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့မှ ဖျက်ဆီးဝင်ရောက်ရှာဖွေကာ တန်ဖိုးရှိတဲ့ပစ္စည်းနဲ့ ဆန်အိတ်များကို ယူသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

"ဒီနေ့ ဖိုင်ကောင်း၊ ကောင်းစထီးရွာက နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်က အိမ်အကြိမ်တံခါးတွေ ထရံတွေဖျက်ဆီးလိုက်ပြီးနောက် တန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ ဆန်တွေ ယူသွားတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အသေးစိတ်ကိုတော့ မသိရသေးကြောင်း "အချိန်အတိအကျနဲ့ တန်ဖိုးကိုတော့ မသိသေးဘူး။ အိမ်ရှင်တွေလည်း အိမ်ပြန်လို့မရသေးဘူး" လို့ သူက ပြောပါတယ်။

ပန်ဆိုင်း(ကြူကုတ်) နဲ့ မုံးကိုးတို့မှာ ၂ ပတ်ခန့် တိုက်ပွဲခေတ္တငြိမ်သွားပြီး စက်တင်ဘာ ၁၆ ရက်နေ့ကစ စစ်ကောင်စီတပ်ဘက်က တင့်ကားနှစ်စီးအပါအဝင် အင်အားအလုံးအရင်း စစ်ကြောင်းထိုး ချီတက်လာတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ MNDAA တို့ကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ဩဂုတ်လ ၄ ရက်နေ့ကစ ဖိုင်ကောင်း ကောင်းစထီးရွာအပါအဝင် နယ်စပ်တစ်လျှောက် မြို့နယ်ခွဲ ၂ ခုက ကျေးရွာ ၉ ရွာ ဒေသခံ ၁၄၀၀ ကျော်ဟာ စစ်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။

 
 

 

 

Most read this week

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...