စစ်ကောင်စီတပ်က လူနေအိမ်ဖျက်ဆီးပြီး ဆန်နဲ့ တန်ဖိုးရှိပစ္စည်းများ ယူသွား

စစ်ကောင်စီတပ်က လူနေအိမ်ဖျက်ဆီးပြီး ဆန်နဲ့ တန်ဖိုးရှိပစ္စည်းများ ယူသွား

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင်၊ ပန်ဆိုင်း (ကြူကုတ်) မြို့နယ်ခွဲ ကောင်းစထီးကျေးရွာရှိ နေအိမ်တစ်အိမ်ကို စက်တင်ဘာလ ၂၀ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့မှ ဖျက်ဆီးဝင်ရောက်ရှာဖွေကာ တန်ဖိုးရှိတဲ့ပစ္စည်းနဲ့ ဆန်အိတ်များကို ယူသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

"ဒီနေ့ ဖိုင်ကောင်း၊ ကောင်းစထီးရွာက နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်က အိမ်အကြိမ်တံခါးတွေ ထရံတွေဖျက်ဆီးလိုက်ပြီးနောက် တန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ ဆန်တွေ ယူသွားတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အသေးစိတ်ကိုတော့ မသိရသေးကြောင်း "အချိန်အတိအကျနဲ့ တန်ဖိုးကိုတော့ မသိသေးဘူး။ အိမ်ရှင်တွေလည်း အိမ်ပြန်လို့မရသေးဘူး" လို့ သူက ပြောပါတယ်။

ပန်ဆိုင်း(ကြူကုတ်) နဲ့ မုံးကိုးတို့မှာ ၂ ပတ်ခန့် တိုက်ပွဲခေတ္တငြိမ်သွားပြီး စက်တင်ဘာ ၁၆ ရက်နေ့ကစ စစ်ကောင်စီတပ်ဘက်က တင့်ကားနှစ်စီးအပါအဝင် အင်အားအလုံးအရင်း စစ်ကြောင်းထိုး ချီတက်လာတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ MNDAA တို့ကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ဩဂုတ်လ ၄ ရက်နေ့ကစ ဖိုင်ကောင်း ကောင်းစထီးရွာအပါအဝင် နယ်စပ်တစ်လျှောက် မြို့နယ်ခွဲ ၂ ခုက ကျေးရွာ ၉ ရွာ ဒေသခံ ၁၄၀၀ ကျော်ဟာ စစ်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။

 
 

 

 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...