ချောင်းတောင်တံတား လုံခြုံရေးအဖွဲ့အား လက်ပစ်ဗုံးလာပစ်သူတစ်ဦး သေနတ်ပြန်အပစ်ခံရသေဆုံး

ချောင်းတောင်တံတား လုံခြုံရေးအဖွဲ့အား လက်ပစ်ဗုံးလာပစ်သူတစ်ဦး သေနတ်ပြန်အပစ်ခံရသေဆုံး

မွန်ပြည်နယ် ရေးမြို့ ချောင်းတောင်တံတားဂိတ်သို့ ပြီးခဲ့သည့်ည (စက်တင်ဘာ ၂၀) သန်းခေါင်အချိန်ခန့်က လုံခြုံရေးဆောင်ရွက်နေသော ရဲနှင့်စစ်သားတို့ကို အမည်မသိလူတစ်ဦးမှ လက်ဗစ်ဗုံးလာပစ်သူတစ်ဦး သေနတ်ပြန်အပစ်ခံရသဖြင့် သေဆုံးသွားကြောင်း ရဲအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

အဆိုပါအမျိုးသားသည် ချောင်းတောင်ကျေးရွာဖက်အခြမ်း တံတားထိပ်လုံခြုံရေးကင်းတဲအား တံတားအောက်မှနေ၍ လက်ပစ်ဗုံးတစ်လုံးလာရောက်ပစ်ခဲ့ကြာင်း၊

လုံခြုံရေးတပ်ဖွဲ့က သေနတ်ဖြင့်ပြန်လည်ပစ်ခဲ့ရာ အဆိုပါအမျိုးသား၏ ရင်ဝတွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ခါးစောင်းအထက် ကျည်ဖောက်ဒဏ်ရာ ၁ ချက်ရရှိပြီး တံတားအောက်မြက်တော၌ လဲကျသေဆုံးခဲ့ကြောင်း၊ ၄င်းပစ်ခတ်ခဲ့သည့် တရုတ်နိုင်ငံထုတ် 91 လက်ပစ်ဗုံးသည်လည်း ပေါက်ကွဲမှုမရှိကြောင်း သိရသည်။

အသက် ၃၅ နှစ်ခန့်ရှိသေဆုံးခဲ့သူ အဆိုပါအမျိုးသား မည်သူမည်ဝါဖြစ်သည်ကို အာဏာပိုင်များက ဆက်လက်စုံစမ်းဖော်ထုတ်နေကြောင်း သိရသည်။

အလားတူ ယမန်နေ့ စက်တင်ဘာ ၂၀ ရက်နေ့ မွန်းလွဲပိုင်းအချိန်ကလည်း အဆိုပါ ချောင်းတောင်တံတားပေါ် ရေးမြို့ဘက်အခြမ်းရှိ စစ်ဆေးရေးဂိတ်အား ၄င်းတို့ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရေးမြို့နယ် ကာကွယ်ရေးအထူးအဖွဲ့ YFTF ဆိုသည့်အဖွဲ့၏ Facebook စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

Most read this week

August 25, 2026
မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှ...
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...
August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...