မိုင်းရှူး နမ့်ကတ်ဂိတ် စကစ စစ်ဆေးမှုတင်းကြပ် ဒေသခံသွားလာမှုခက်ခဲ

မိုင်းရှူး နမ့်ကတ်ဂိတ် စကစ စစ်ဆေးမှုတင်းကြပ် ဒေသခံသွားလာမှုခက်ခဲ

သျှမ်းတောင် မိုင်းရှူးမြို့အဝင် နမ့်ကတ်စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီလက်အောက်ခံ တပ်သားများ စစ်ဆေးမှုတင်းကြပ်နေသည့်အတွက် ဒေသခံများ သွားလာမှုခက်ခဲနေကြောင်း သတင်းရရှိသည်။

မိုင်းရှူးမြို့အဝင် နမ့်ကတ်ဂိတ်စခန်းတွင် ဝင်ထွက်သွားလာနေသူများအား စစ်ကောင်စီတပ်သားများမှ စစ်ဆေးမှုပြုလုပ်နေတာဖြစ်ကြောင်း၊ ပြီးခဲ့သည့် စက်တင်ဘာလ (၇) ရက်နေ့တွင် NUG က D Day ကြေညာပြီးနောက် ထိုဂိတ်စခန်းတွင် စစ်ဆေးမှု ပိုမိုတင်းကြပ်လာတာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ခုနောက်ပိုင်း အဲ့ဒီဂိတ်စခန်းကနေ ဖြတ်ရဖို့ကို မလွယ်ဘူး၊ သေသေချာချာကို ရှင်းပြနေရတယ်၊ ပါတဲ့ပစ္စည်းတွေကိုလည်း ထုတ်ပြရတယ်။ ခဏခဏ ဖြတ်သွားဖြတ်လာလုပ်ရင်လည်း ဆဲတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ကတ်ဂိတ်စခန်းသည် ယခင်ကတည်းက မြို့ထဲသို့ဝင်ထွက်သည့် ခရီးသွားပြည်သူများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း NUG မှ D Day ကြေညာပြီးနောက် ဝင်ထွက်သူများကို ပိုမိုစစ်ဆေးမေးမြန်း နေသည့်အတွက် ဒေသခံများဝင်ထွက်သွားလာရန် ခက်ခဲလာတာဖြစ်ကြောင်း သိရသည်။

ထို့အပြင် ထိုဂိတ်စခန်းသည် မနက် (၆) နာရီမှ ည (၈) နာရီအထိ ဖွင့်လှစ်ချိန် သတ်မှတ်ထားသော်လည်း ယခုနောက်ပိုင်းတွင် ဂိတ်ပိတ်တာ စောလာကြောင်း ဒေသခံများထံမှ သိရသည်။

“ပိတ်တဲ့အချိန်ကလည်း အရင်ကထက် စောတယ်၊ တချို့ရက်ဆို (၇) နာရီဝန်းကျင်ပဲရှိဦးမယ် ပိတ်နေပြီ၊ သွားလို့မရတော့ဘူး” ဟု ဒေသခံတစ်ဦး က ပြောသည်။

ထိုဂိတ်စခန်းသည် မိုင်းနောင်နှင့်ဝမ်ဟိုင်းမှ မိုင်းရှူးမြို့သို့ လမ်းမကြီးပေါ်တွင် တည်ရှိပြီး ခရီးသွား ပြည်သူများကို နေ့စဉ် စစ်ဆေးနေသည့် ဂိတ်စခန်းဖြစ်ကြောင်း သိရသည်။

May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...