စစ်တွေတွင် ကိုဗစ်စည်းကမ်းမလိုက်နာသူ ၂၆ ဦးကို ဖမ်းဆီးအရေးယူ၊ စစ်တွေတစ်မြို့တည်းတွင် အရေးယူခံရသူပေါင်း ၈၀ ကျော်ရှိလာ

စစ်တွေတွင် ကိုဗစ်စည်းကမ်းမလိုက်နာသူ ၂၆ ဦးကို ဖမ်းဆီးအရေးယူ၊ စစ်တွေတစ်မြို့တည်းတွင် အရေးယူခံရသူပေါင်း ၈၀ ကျော်ရှိလာ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကိုဗစ်စည်းကမ်း မလိုက်နာသည့် ဒေသခံ ၂၆ ဦးကို စက်တင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးအရေးယူခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီမှ သိရသည်။

ကိုဗစ်တတိယလှိုင်းအတွင်း စစ်တွေတစ်မြို့တည်းတွင် ကိုဗစ်စည်းကမ်းမလိုက်နာ၍ အရေးယူခံရသူစုစုပေါင်း ၈၄ ဦးအထိရှိလာနေကြောင်း DMG မှ ကောက်ယူထားသည့်စာရင်းအရ သိရသည်။

ယမန်နေ့က စစ်တွေမြို့၊ မေယုလမ်းရှိ Rock & Roll ဆိုင်တွင် လူစုလူဝေးပြုလုပ်နေ၍ ဆိုင်ဖွင့်လှစ်သူနှင့် အမျိုးသား၊အမျိုးသမီး စုစုပေါင်း ၂၆ ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။

“ရခိုင်မှာ ကိုဗစ်တတိယလှိုင်းကြောင့် လူအများထိခိုက်နစ်နာမှု ရှိခဲ့ပါတယ်။ ဒီနေ့အချိန်မှာ ရောဂါကိုထိန်းချုပ်နိုင်ပြီး အကျဖက်ကိုရောက်အောင် ဆောင်ရွက်နိုင်ပြီဖြစ်ပေမယ့် ပိုးတွေ့လူနာနဲ့ သေဆုံးလူနာ ရှိနေဆဲဖြစ်ပါတယ်" ပြည်နယ်စစ်ကောင်စီ၏ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှသိန်းက ၎င်း၏လူမှုကွန်ယက်တွင် ရေးသားထားသည်။

စစ်တွေမြို့ပေါ်တွင် မူးယစ်ဆေးဝါးသုံးစွဲနေသူနှင့် လမ်းဘေးတွင်စုဖွဲ့ပြီး အရက်ထိုင်သောက်နေကြသူ စုစုပေါင်း ၂၃ ဦးကိုလည်း စက်တင်ဘာလ ၁၁ ရက်နေ့က ဖမ်းဆီးအရေးယူခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၄ ရက်နေ့ကလည်း စစ်တွေမြို့ မင်းဂံရပ်ကွက်၊ ကန်တော်ကြီးအကွက် (၄) အနီးတွင်ရှိသည့် (ROYAL) စားသောက်ဆိုင်တွင် လူစုလူဝေးပြုလုပ်နေသည့် အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၁၃ ဦးတို့ကိုဖမ်းဆီးခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေပုဒ်မ (၂၅/၂၉) တို့ဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။

သို့သော် ကိုဗစ်စည်းကမ်းနှင့်ပတ်သက်ပြီး လက်ရှိမှာ အားနည်းလာနေကြောင်း ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကောင်းစံက ထောက်ပြသည်။

“အခုဆိုရင် ပြည်သူလူထုတွေက ကိုဗစ်နဲ့ပတ်သက်ပြီးတော့ စည်းကမ်းလိုက်နာမှုတွေ တော်တော်ကိုး အားနည်းနေတာကိုတွေ့ရတယ်။ နေရာတိုင်းမှာဆိုသလို လူစုလူဝေးတွေ့နေရတယ်။ စျေးတွေမှာဆိုရင်လည်း Mask မတပ်သူတွေအများကြီးပဲ။ အစိုးရကတော့ အရေးယူနေတယ်လို့ပြောတယ်၊ ဒါပေမဲ့ အရေးယူတာတွေက ထိရောက်မှုမရှိဘူး” ဟု ၎င်းကဆိုသည်။

စက်တင်ဘာ ၁၇ ရက်နေ့က သံတွဲမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၃ ဦးသေဆုံးခဲ့ပြီး စက်တင်ဘာ ၁၈ ရက်နေ့တွင်လည်း ရသေ့တောင်မြို့နယ်မှ ကိုဗစ်အတည်ပြုလူနာ ၂ ဦး သေဆုံးမှုရှိခဲ့သည်။

ရခိုင်တွင် လက်ရှိဆေးကုသမှုခံယူနေရသည့် ကိုဗစ်အတည်ပြူလူနာ ၂၀၀ အောက်လျော့ကျလာသော်လည်း သေဆုံးမှုများရှိနေသဖြင့် မပေါ့ဆရန် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က တိုက်တွန်းသည်။

“လက်ရှိ ရခိုင်ပြည်နယ်ရဲ့ ကိုဗစ်အခြေနေကတော့ လျော့ကျလာပါတယ်။ ဆေးရုံလူနာတွေဆိုရင်လည်း တပြည်လုံးမှာဆိုရင် ၂၀၀ အောက်တော့ လျော့ကျလာပြီပေါ့နော်။ ဒါပေမဲ့ သေဆုံးနေတဲ့ လူနာတွေလည်းရှိနေသေးတယ်။ ရောဂါပပျောက်မှုမရှိသေးတဲ့အတွက် ကိုဗစ်စည်းကမ်းတွေကိုလိုက်နာဖို့ လိုအပ်ပါတယ်” ဟု ၎င်းကဆိုသည်။

ကိုဗစ်တတိယလှိုင်းအတွင်း ရခိုင်ပြည်နယ်တွင် သေဆုံးသူ (၄၄၄) ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၄၆၁၄) ဦးအထိရှိလာကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စက်တင်ဘာလ ၁၈ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

 
 

 

 

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...