ရေးမြို့ချောင်းတောင်တံတားအနီး ဗုံးပေါက်ကွဲ

ရေးမြို့ချောင်းတောင်တံတားအနီး ဗုံးပေါက်ကွဲ
ချောင်းတောင်တံတားဂိတ်နေရာ (Google)
ချောင်းတောင်တံတားဂိတ်နေရာ (Google)

ရေးမြို့ ချောင်းတောင်တံတား ငွေကောက်ခံဂိတ်အနီး၌ ယနေ့ (စက်တင်ဘာလ ၂၀ ရက်) မွန်းလွဲ ၃ နာရီအချိန်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း ရေးမြို့၊ မြို့မရဲစခန်းမှ ဒုရဲအုပ် မင်းနိုင်ထွန်းက အတည်ပြုပြောကြားသည်။

"တံတားပေါ်မှာ ပေါက်တာမဟုတ်ဘူး။ ဂိတ်နားမှာကွဲတာ၊ ထိခိုက်ဒဏ်ရာရတဲ့သူ မရှိပါဘူး" ဟု ၎င်းကပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲသည့်အချိန်တွင် ချောင်းတောင်တံတားပေါ်၌ လုံခြုံရေးတပ်ဖွဲ့များလည်းရှိနေပြီး အသံဗုံးတစ်လုံးကို ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကို ရေးမြို့နယ်ကာကွယ်ရေးအထူးတပ်ဖွဲ့ (YSTF) က ပြုလုပ်ခဲ့ကြောင်း ၄င်းတို့၏ Facebook စာမျက်နှာတွင် ထုတ်ပြန်ခဲ့သည်။

ထို့အတူ ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့နှင့် ကဗျာဝကျေးရွာကြားရှိ Mytel တယ်လီဖုန်းဆက်သွယ်ရေး တာဝါတိုင်တစ်ခုနှင့် ရေးမြို့နယ်အရှေ့ခြမ်း ကျောက်မိချောင်း (တောင်ပိုင်း) ကျေးရွာအနီးရှိ Mytel တာဝါတိုင်တစ်ခုတို့ကို ပြီးခဲ့သည့်ရက်ပိုင်းက ၄င်းတို့ဗုံးခွဲဖျက်ဆီးခဲ့ကြောင်း ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF Facebook ပေါ်တွင် ကြေညာထားသည်။

Most read this week

August 25, 2026
မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှ...
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...
August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...