လိုင်ဇာမြို့အနီး စစ်ကောင်စီတပ်အင်အား ထပ်ဖြည့်နေ

လိုင်ဇာမြို့အနီး စစ်ကောင်စီတပ်အင်အား ထပ်ဖြည့်နေ

မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့မှ အာဏာသိမ်းစစ်တပ် အင်အား ၃၀၀ ကျော်ခန့်သည် KIO ထိန်းချုပ်နယ်မြေ လိုင်ဇာဘက်သို့ ဦးတည်ကာ ယနေ့နံနက်အစောပိုင်းက ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။



လိုင်ဇာမြို့အနီး လဂျားယန် (La Ja Yang) နှင့် ခယာဘွမ့် (Hka Ya Bum) စသောနေရာများတွင် စစ်အင်အားတိုးချဲ့ရန်ဖြစ်သည်ဟု ဒေါ့ဖုန်းယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။



"ဒီမနက် အစေားကြီးကနေ ထွက်သွားကြပြီ။ ယာဥ်တန်းနဲ့မဟုတ်ဘူး။ ခြေကျင်နဲ့သာဖြစ်တယ်။ လဂျားယန်နဲ့ ခယာဘက်ကို သွားတဲ့အဖွဲ့ဖြစ်တယ်။ တိုက်ပွဲတွေ ပြန်ဖြစ်မလားမသိဘူး" ဟု ပြောဆိုသည်။



ယခုလအတွင်း ဒေါ့ဖုန်းယန်မှ လိုင်ဇာသွားလမ်းတစ်လျှောက်တွင် အာဏာသိမ်းစစ်တပ်မှ စစ်ရေးဖြည့်တင်းသည့် လှုပ်ရှားမှုများ ပုံမှန်ရှိလာကြောင်း သူကဆက်ဆိုသည်။



ထို့အပြင် နွမ်လန့်ကျေးရွာတွင် ထပ်မံတိုးချဲ့ထားသည့် စစ်ကောင်စီတပ် စစ်အင်အား ၂၀၀ ခန့်က အလောဘွမ့်နှင့် ရှန်းဒုန်းဘွမ့်ဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။



ယနေ့နံနက် အလောဘွမ့်လမ်းဘက်သို့ ထွက်ခွာသွားသည့် စစ်အင်အားအဖွဲ့မှာ စက်တင်ဘာလ ၁၉ ရက် ယမန်ညက ဗန်းမော်မြို့ဘက်မှ နွမ်လန့်တပ်စခန်းအတွင်းသို့ ရောက်ရှိလာသောအဖွဲ့ဖြစ်ကြောင်း ဒေသခံများပြောဆိုချက်အရ သိရသည်။



ထို့နောက် ပြီးခဲ့သည့် စက်တင်ဘာလ ၈ရက်နေ့ကလည်း ဒေါ့ဖုန်းယန်မြို့မှ စစ်ကောင်စီအင်အား ၂၀၀ ကျော်သည် KIO ထိန်းချုပ်နယ်မြေ တပ်ရင်း ၁၉ သို့ ဝင်ရောက်သွားခဲ့သည်။



လက်ရှိ ဒေသခံများ၏ ပြောဆိုချက်အရ ဒေါ့ဖုန်းယန်နှင့် ခယာဘွမ့်အထိ စစ်ကောင်စီတပ် အင်အား ၁ ထောင်ဝန်းကျင်ခန့် စစ်အင်အားဖြည့်တင်းထားကြောင်း သိရသည်။

 
 

 

 

May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...
May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...