KNU တပ်မဟာ ၄ အား ကျပ်သိန်း ၃၀၀ နီးပါးရှိ ကျန်းမာရေးအထောက်အကူပစ္စည်းများ တနင်္သာရီတိုင်း တစကအစိုးရထောက်ပံ့

KNU တပ်မဟာ ၄ အား ကျပ်သိန်း ၃၀၀ နီးပါးရှိ ကျန်းမာရေးအထောက်အကူပစ္စည်းများ တနင်္သာရီတိုင်း တစကအစိုးရထောက်ပံ့

ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်အား ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိ ကျန်းမာရေး အထောက်အကူပြုပစ္စည်းနှင့် ဆန်အိတ်များကို တနင်္သာရီတိုင်းဒေသကြီး တစကအစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

COVID-19 ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် KNU တပ်မဟာ ၄၊ မြိတ်ခရိုင်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ မော်ကယ် (ဆလုံ) စာပေနှင့် ယဉ်ကျေးမှုအသင်းများ၊ ခရစ်ယာန်သာသနာပြုအသင်းများသို့ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများနှင့် ဆန်အိမ်များကို တနင်္သာရီတိုင်းဒေသကြီး တစကအစိုးရအဖွဲ့ စက်တင်ဘာ ၁၇ ရက်က ထောက်ပံ့ပေးခြင်းဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ကျန်းမာရေး အထောက်အကူပြုပစ္စည်းနှင့် ဆန်အိတ်များအား COVID-19 ကာလအတွင်း အထောက်အကူဖြစ်စေရန်ရည်ရွယ်ပြီး ထောက်ပံ့ခြင်းဖြစ်ကြောင်း  တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုပြောကြားခဲ့သည်ဟု သိရသည်။

KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံးတာဝန်ခံ ပဒိုဝင်းခိုင်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြောကြားခဲ့သည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်။

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လိုအပ်သောဆေးဝါးများနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး လိုအပ်ချက်များရှိပါက တင်ပြနိုင်သလို တိုင်းရင်းသားများအား မှတ်ပုံတင်ပြုလုပ်ပေးခြင်းနှင့် COVID-19 ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးမြတ်ကိုက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသို့ မှာယူထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ၄ သန်း စက်တင်ဘာ ၁၂ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပထမဆုံး အသုတ်အနေဖြင့် ရောက်ရှိခဲ့ပြီး ကာကွယ်ဆေးထိုး‌နှံပေးရေး ဦးစားပေးအုပ်စုတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာမှ ထုတ်ပြန်ခဲ့သည်။

တိုင်းရင်းသားလက်နက်အဖွဲ့အစည်းအချို့ အကြောင်းအမျိုးမျိုးပြ၍ NCA သဘောတူညီချက်များကို ချိုးဖောက်မှုများရှိသော်လည်း နိုင်ငံသားရပိုင်ခွင့်များနှင့်အညီ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆက်သွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း နစကကောင်စီဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ်တာဝန်ရယူထားသည့် တပ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

Most read this week

August 25, 2026
မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှ...
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...
August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...