ကြိုးဝိုင်းကာကွယ်တောအတွင်း စစ်ကောင်စီနှင့် မသမာသူတချို့ ပူးပေါင်းပြီး သစ်ခိုးထုတ်မှုများပြုလုပ်နေ

ကြိုးဝိုင်းကာကွယ်တောအတွင်း စစ်ကောင်စီနှင့် မသမာသူတချို့ ပူးပေါင်းပြီး သစ်ခိုးထုတ်မှုများပြုလုပ်နေ

ဗန်းမောက်မြို့နယ် ပင်ပုံကျေးရွာအုပ်စုအတွင်းရှိ ပါထွန်ကြိုးဝိုင်းကာကွယ်တောအတွင်း စစ်ကောင်စီနှင့် မသမာသူတချို့ပူးပေါင်းပြီး သစ်ခိုးထုတ်မှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“ဒေသခံနယ်မြေကန့်ကွက်ထားတဲ့တောကို ခြိမ်းခြောက်ပြီး လုပ်စားနေတာ၊ စစ်ကောင်စီနဲ့ပေါင်းပြီးလုပ်တာ မန်းလေးကိုပို့တာ ဒေသခံတွေလည်းကြောက်နေကြတာ” ဟု ပင်ပုံဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောသည်။

သစ်ထုတ်လုပ်မှုကြောင့် ဒေသခံများအသုံးပြုနေရသည့် စိမ့်စမ်းရေထိခိုက်ပျက်စီးနေပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ကြုံနေရကြောင်း သိရသည်။

ဩဂုတ်လတွင် မိုးသည်းထန်စွာရွာသောကြောင့် ပင်ပုံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများနှင့် လမ်းမများပေါ် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။

သစ်ထုတ်လုပ်မှုများကို ကန့်ကွက်တားဆီးရန်အတွက်လည်း ဒေသခံများကလည်းကြောက်ရွံ့နေကြောင်း သိရသည်။

“အခုဟာက ကန့်ကွက်တားဆီးလို့မရဘူး၊ အကောင်လိုလိုဘာလိုလိုလုပ်စားနေတာခ၊ ကျွန်တော်တို့ ရှမ်းနီလူမျိုးတွေက အကြောက်တရားအားကြီးလွန်းတော့ သိတဲ့အတိုင်းပဲ၊အခုအချိန်က ဘယ်သူမှခေါင်းမဖော်ရဲဘူး” ဟု ၎င်းကဆက်ပြောသည်။

၎င်းကြိုးဝိုင်းကာကွယ်တောအတွင်း သစ်ထုတ်လုပ်ရန် ၂၀၁၅ ခုနှစ်က မြတ်နိုးသူကုမ္ပဏီက လာရောက်ခဲ့သော်လည်း ဒေသခံများနှင့် မျိုးဆက်သစ် ရှမ်းနီလူငယ်များက ကန့်ကွက်မှုကြောင့် မလုပ်ဖြစ်ခဲ့ပေ။

မြန်မာနိုင်ငံအတွင်းတွင် စစ်ကိုင်းတိုင်းသည် သစ်တောကြိုးဝိုင်းကာကွယ်တောအရေအတွက်အများဆုံးဖြစ်ပြီး ဧက ၇ သန်းခွဲကျော်ရှိကြောင်း သိရသည်။

 
 

 

 

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...