ဟုမ္မလင်းမြို့နယ်ထဲက စစ်ကောင်စီတပ်ပိုင် Mytel တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ

ဟုမ္မလင်းမြို့နယ်ထဲက စစ်ကောင်စီတပ်ပိုင် Mytel တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ

စစ်ကောင်စီတပ်ပိုင်သည့် ဟုမ္မလင်းမြို့နယ်ထဲက ငိုးပင်းကျေးရွာမှာရှိတဲ့ Mytel တာဝါတိုင် စက်တင်ဘာလ (၁၆) ရက်နေ့ ညပိုင်းတွင် မိုင်းခွဲဖျက်ဆီးခံရကြောင်း သိရသည်။

ငိုးပင်းကျေးရွာက မိုင်တဲတာဝါတိုင်ကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း အထက်ချင်းတွင်းဒေသ ပြောက်ကျားတပ်ဖွဲ့က ၎င်းတို့ရဲ့ Facebook စာမျက်နှာတွင် ပြောဆိုထားသည်။

ဟုမ္မလင်းမြို့နယ်ထဲတွင်  မိုင်တဲတာဝါတိုင် ဖျက်ဆီးခံရမှုသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

၎င်းအထက်ချင်းတွင်းဒေသ ပြောက်ကျားတပ်ဖွဲ့က ဇွန်လ (၂၅) ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး စစ်ကောင်စီကို အမြစ်ပြတ်ဖို့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဟုမ္မလင်းမြို့နယ်မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့သလို၊ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဆက်စပ်သူတွေဆိုပြီး ဖမ်းဆီးခံရသူတွေလည်း ရှိနေသည်။

 
 

 

 

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...