နောင်းနန် တိုက်နယ် ယာယီအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

နောင်းနန် တိုက်နယ် ယာယီအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

မြစ်ကြီးနားမြို့ နောင်းနန်တိုက်နယ် ယာယီအုပ်ချုပ်ရေးမှူး ဦးလှမြင့် ယနေ့နံနက် ၆ နာရီဝန်းကျင်ခန့်တွင် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။

ဦးလှမြင့် ယနေ့ နံနက် အုပ်ချုပ်ရေးရုံးမှအပြန် သူ၏ နေအိမ်အဝင်ပေါက်တွင် လူ ၂ ဦးက သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်သည်ဟု နီးစပ်ရာ ပြည်သူတစ်ဦးထံမှ သိရသည်။

"နယ်ထိန်းရဲကိုမေးကြည့်တော့ ရုံးကအပြန် အိမ်အဝင်ဝမှာ ပစ်သတ်ခံရတယ်လို့ပြောတယ်။ လူ ၂ ယောက်က ဆိုင်ကယ်နဲ့လိုက်လာပြီး နောက်ကနေ ပစ်သွားတယ်လို့ကြားတယ်။ သေနတ်ဒဏ်ရာက ၂ ချက်မှန်သွားတယ်လို့ပြောတယ်" ဟု ပြောဆိုသည်။

အခင်းဖြစ်ပွားခဲ့သည့်နေရာတွင် ဦးလှမြင့်အပြင် သူ၏သားဖြစ်သူလည်း ပစ်ခတ်ခံရသည်ဟု သိရသည်။

သို့သော် သားဖြစ်သူမှာ လက်တစ်ဖက်တွင် ထိခိုက်ဒဏ်ရာသာ ရရှိထားကြောင်း သူက ဆက်ဆိုထားသည်။

ယာယီအုပ်ချုပ်ရေးမှူး ဦးလှမြင့်သည် လက်ရှိ နောင်းနန်တိုက်နယ် အုပ်ချုပ်ရေးရုံးတွင် စစ်ကောင်စီက အုပ်ချုပ်ရေးမှူးအဖြစ် တရားဝင်ခန့်အပ်ခြင်းမရှိသေးသော်လည်း သူ၏ စိတ်ဆန္ဒအရ လိုက်ပါဆောင်ရွက်ပေးနေသူသာဖြစ်ကြောင်း သိရသည်။

ဦးလှမြင့်သည့် အသက် ၆၇ နှစ်အရွယ်ရှိသူဖြစ်ပြီး စစ်တပ်ထွက်တစ်ဦး ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နောင်းနန်တိုက်နယ် အုပ်ချုပ်ရေးရုံးတွင် တရားဝင်ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးက တာဝန်မှ ရပ်နားခဲ့သည်။

July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...
July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...