ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီတပ်သားများက ပစ္စည်းနှင့် အိမ်မွေးတိရိစ္ဆာန်များအား ခိုးယူမှုရှိနေ

ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီတပ်သားများက ပစ္စည်းနှင့် အိမ်မွေးတိရိစ္ဆာန်များအား ခိုးယူမှုရှိနေ

ချင်းပြည်နယ် ထန်တလန်မြို့ပေါ်တွင် ပြီးခဲ့သည့်သြဂုတ်လကုန်ပိုင်းက စစ်ကောင်စီနှင့် CDF တပ်ဖွဲ့အကြား မြို့တွင်း တိုက်ပွဲဖြစ်ပွားကာ မြို့ပေါ်နေပြည်သူထက်ဝက်နီးပါးခန့် ကျေးလက်ဒေသများသို့ထွက်ပြေးတိမ်းရှောင်နေကြသည့်အချိန် တွင် စစ်ကောင်စီတပ်သားများက ၎င်းတို့၏ နေအိမ်မွေနှောက်ခြင်း အိမ်မွေးတိရိစ္ဆာန်များအား ခိုယူမှုများရှိနေသည်ဟု ထန်လတန်မြို့ခံများထံမှသိရသည်။

“ထန်တလန်မှာက နေအိမ်တချို့က အိန္ဒိယဘက်မှ ရွာမှာ သူတို့ထွက်ပြေးရတယ် စစ်သားတွေက သော့ခတ်ထားတဲ့ အိမ်တွေကို ရိုက်ဖောက်ပြီးမှ သူတို့လိုချင်တဲ့ပစ္စည်းတွေယူနေတယ် သူတို့က ပြည်သူ့အိုးအိမ်ကာကွယ်နေတယ် အလကားပဲ လျှောက်ပြောနေတာ စစ်သားတွေက သူတို့စစ်ဆေးသလိုလို ဘာလိုလိုနဲ့ တော်တော်များများမှာ သူတို့ခိုးပြီးမှ အိမ်မွေးတိရိစ္ဆာန်တွေ သတ်စားနေပြီ မနေ့တနေ့ညဆိုလည်းပဲ ကျနော်အိမ်နားက ကြက် ၁၅ ကောင် အကောင် ၂၀ လောက်ရှိမယ်ထင်တယ် အဲဒါလည်း သူတို့ပဲ ခိုးသွားတာ အဲလိုအနေအထားဖြစ်နေတယ်" ဟု ထန်တလန်မြို့ခံတစ်ဦးက ပြောသည်။

ထန်တလန်မြို့ပေါ်တွင် ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နောက်ပိုင်းကစပြီး မြို့တွင်း တိုက်ပွဲဖြစ်ပွားလာခဲ့သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာတွင် လူနေအိမ်များ ကျည်ထိပျက်စီးမှုနှင့် လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ သေဆုံးမှုရှိလာခဲ့ပြီးနောက် ယခုရက်ပိုင်းတွင်လည်းတိုက်ပွဲ ထပ်မံဖြစ်ပွားလာသောကြောင့် မြို့ပေါ်နေပြည်သူအများစုမှာ ကျေးလက်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့က လုံခြုံရေး စစ်ဆေးရေးတင်းကြပ်မှုများရှိလာသကဲ့သို့ သေနတ်သံများလည်း ကြားရေရဆဲရဟုသိရပြီး လက်နက်ကြီးပစ်ခတ်မှုလည်း ရှိနေသည်ဟု သိရသည်။

“မနေ့ကလည်း ၈ နာရီကျော်ကျော်လောက်ကနေ ၁၁ နာရီလောက်ထိ ဒုန်းဒုန်းဒိုင်းဒိုင်းချတာ CDF နဲ့ဖြစ်လားဆိုလည်းမဟုတ်ဘူး သူတို့ တမင်သက်သက်ကို ရမ်းသန်းပစ်ပြီး ပြည်သူတွေကြောက်အောင်လုပ်ကြတာလား မနေ့ကဆိုရင် ဗုံးကော သေနတ်ကော” ဟု ထန်တလန်ဒေသခံတစ်ဦးကပြောသည်။

စက်တင်ဘာလ ၁၄ ရက်နေညက စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် ထန်တလန်မြို့ ဂျွန်ဆင်အောက်မေ့ ဖွယ်နှစ်ခြင်းအသင်းတော် (JMBC) ဘုရားကျောင်းဝင်းလက်နက်ကြီးကျကာ ဘုရားကျောင်းအဆောက်အအုံမှာ ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။

 
 

 

 

Most read this week

April 19, 2024
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်မှာရှိတဲ့ အကျဉ်းထောင်မှာဆူပူမှုဖြစ်ပြီး အကျဉ်းသား ၄...
April 18, 2024
စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ၊ ကချင်ပြည်နယ်...
April 18, 2024
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်တပ်က စစ်မှုထမ်းဥပေဒထုတ်ပြန်လိုက်တဲ့နောက် စစ်ကိုင်းတိုင်းဒေသကြီး...
April 9, 2024
ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားပြီးတဲ့ လွယ်ဂျယ်မြို့မှာနောက်ဆုံးကျန်ရှိနေတဲ့...