ကုန်ကားအသွင်ဖြင့် စစ်အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်ကို KIA မိုင်းခွဲတိုက်ခိုက်

ကုန်ကားအသွင်ဖြင့် စစ်အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်ကို KIA မိုင်းခွဲတိုက်ခိုက်

တနိုင်းဘက်မှ တရုန်သို့ ဦးတည်ကာ ကုန်တင်ကားအသွင်ယူပြီး စစ်အင်အားတိုးချဲ့လာသော စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၆ ရက် ယနေ့နေ့လည် ၁၂ ဝန်းကျင်တွင် စစ်ကောင်စီတပ် အင်အား ၃၀ ခန့်ပါသော ဒိုင်နာကားတစ်စီးကို တရုန်ကျေးရွာမရောက်မှီ တဝမ် (Ta Wang Mare) နှင့် ပန္နက် (Pa Nep Mare) ကျေးရွာကြား တံတားအနီးတွင် KIA က ကြားဖြတ်မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု အမည်မဖော်လိုသော ဒေသခံတစ်ဦးက ပြောသည်။

“အခု မိုင်းခွဲတိုက်ခိုက်ခံရတဲ့ ကားက ဒီမနက်ဘဲ တနိုင်းဘက်ကတက်လာတဲ့ ကားဖြစ်တယ်လို့သိရတယ်။ အဲ့ကားထဲမှာ စစ်သားတွေ ၃၀ ကျော်လောက်ပါတယ်။ KIA က သိပြီး မိုင်းခွဲတိုက်ခိုက်လိုက်တယ်။ မိုင်းခွဲခံရတဲ့ ဒိုင်နာကားက တစ်စစီပျက်စီးသွားပြီ။ ကားပေါ်မှာပါတဲ့ စစ်သားတွေလည်း ထိခိုက်သေဆုံးတာတွေလည်း ပါနိုင်တယ်။ အသေးစိတ်က ကျနော်တို့လည်း မသိရသေးဘူး” ဟု ပြောဆိုသည်။

KIA ၏ မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် အာဏာသိမ်းစစ်တပ်က ထိုနေရာအနီးတစ်ဝိုက်တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်အဖွဲ့က တရုန်းကျေးရွာဘက်သို့ စစ်အင်အား ပုံမှန်တိုးချဲ့နေပြီး လက်ရှိတွင် တရုန်ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့တွင် စစ်အင်အား ၂၀၀ ကျော်ခန့် တပ်စွဲနေထိုင်လျက်ရှိနေကြောင်း တရုန်ဒေသခံများ ပြောဆိုချက်မှ သိရသည်။

စက်တင်ဘာလ ၁၄ ရက်နေ့တွင်လည်း ရှင်ဗွေယန်၊ နန့်ယွန်းနှင့် ခလုန်း စသည့်ဒေသများမှ စစ်ကောင်စီစစ်ကြောင်းများသည် တရုန်ဘက်သို့ စစ်အင်အားတိုးချဲ့ထားကြောင်း သိရသည်။

တရုန်နှင့်တခက် ကျေးရွာအနီးတဝိုက်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား စစ်ရေးတင်းမာမှု ပုံမှန်ရှိနေဆဲဖြစ်ကာ ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားနေသည်ဟု ဒေသခံများပြောသည်။

တစ်ဖက်တွင်လည်း တရုတ်ရှိ စစ်ကောင်စီတပ်ကို လာရောက်ပစ်ခတ်တိုက်ခိုက်ခြင်းမပြုရန် စစ်ကောင်စီက ကျေးရွာအတွင်း ဘာသာရေးခေါင်းဆောင်များမှတဆင့် KIA ထံ အကြောင်းကြားခိုင်းထားသည်ဟု သိရသည်။

 
 

 

 

Most read this week

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...