ကျပ်တစ်သောင်းနှင့် ငါးထောင်တန်များဖျက်သိမ်းသည်ဆိုသည့် သတင်းအမှား အွန်လိုင်းတွင် ပျံ့နှံ့

ကျပ်တစ်သောင်းနှင့် ငါးထောင်တန်များဖျက်သိမ်းသည်ဆိုသည့် သတင်းအမှား အွန်လိုင်းတွင် ပျံ့နှံ့

ကျပ်တစ်သောင်းနှင့် ငါးထောင်တန်များ တရားဝင်ငွေစက္ကူုအဖြစ်မှ ဖျက်သိမ်းသည်ဆိုသည့် အမိန့်စာအတု သတင်းအမှား ယနေ့ (စက်တင်ဘာ ၁၆ ရက်) က အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသည်ကို တွေ့ရှိရသည်။

ကျပ် ၁၀၀၀၀ တန်နှင့် ကျပ် ၅၀၀၀ တန်များ ရုတ်သိမ်းမည်ဆိုခြင်းနှင့် ဘဏ်များပိတ်သိမ်းမည်ဆိုခြင်းမှာ ကောလဟာလသတင်းများသာဖြစ်ပြီး ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

"လူထုဒုက္ခရောက်အောင် လုပ်ကြံနေကြတာတော့ နည်းမျိုးစုံပါပဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၆ (င) မှာ “နိုင်ငံတော်သည် တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြု" လို့ ပြဌာန်းထားပါတယ်ခင်ဗျား" ဟု နစကအိမ်စောင့်အစိုးရ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ၄င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

အဆိုပါ ကျပ်တစ်သောင်းတန်နှင့် ကျပ် ငါးထောင်တန်များကို ဖျက်သိမ်းမည်ဆိုသည့် ကောလာဟလသတင်းများ ပြီးခဲ့သည့်ကတည်းက ပျံ့နှံ့ခဲ့ပြီး ဗဟိုဘဏ်တာဝန်ရှိသူများ ဖြေရှင်းခဲ့ရပြီးဖြစ်သည်။

May 15, 2026
မွန်ဒေသအသီးသီး၌ အသစ်ဆောက်လုပ်နေသည့် မွန်အမျိုးသားကျောင်း ၄ ကျောင်းထက်မနည်း လာမည့် ပညာသင်နှစ်...
May 14, 2026
မွန်ပြည်နယ်တွင်၊ မေလ ၁၂ ရက်နေ့၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက ၃ သိန်းကျပ်နှုန်းဖြင့်...
May 13, 2026
တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး...
May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...