မောင်တောတွင် ဥပဒေဆိုင်ရာကိစ္စများကို သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းရုံးထံ တိုင်ကြားနိုင်

မောင်တောတွင် ဥပဒေဆိုင်ရာကိစ္စများကို သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းရုံးထံ တိုင်ကြားနိုင်
ဓာတ်ပုံ - Thazin Legal Institute
ဓာတ်ပုံ - Thazin Legal Institute

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ဥပဒေဆိုင်ရာကိစ္စများကို မောင်တောမြို့ရှိ သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းရုံး၌ တိုင်ကြားနိုင်သည်ဟု သိရသည်။

ယင်းသို့တိုင်ကြားနိုင်ရန် သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းရုံးကို မောင်တောမြို့ အမှတ် (၁) ရပ်ကွက် သာသနာ့ဗိမာန်တော်ကြီးအနီးတွင် ယမန်နေ့ စက်တင်ဘာလ ၁၅ ရက်က ဖွင့်လှစ်ထားပြီဟုလည်း သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းမှ ဒါရိုက်တာ ဦးငြိမ်းချမ်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ကျနော်တို့ မောင်တောမှာ Unicef တို့အကူအညီနဲ့ ကလေးသူငယ်တွေရဲ့အမှုတွေကို လိုက်ပါဆောင်ရွက်ပေးဖို့ ပြစ်မှုကြောင်းအရ အမှုရင်ဆိုင်ရတဲ့အခါ၊ ရှေ့နေလိုအပ်တဲ့အခါ ကူညီဆောင်ရွက်ပေးပါတယ်။ အရင်တုန်းကလည်း မောင်တောမှာ အမှုလိုက်ပါ ဆောင်ရွက်ပေးခဲ့တာလည်း ရှိပါတယ်။ ကျနော်တို့ တခြားအမှုတွေကိုကျတော့ အကြံပေးတာမျိုးရှိမယ်။ တခြားသောလုပ်ဆောင်နိုင်တဲ့နယ်ပယ်ထဲကဆိုရင် တရားရုံးမှာဆိုရင် အမှုလိုက်ပါဆောင်ရွက်သွားဖို့ရှိတယ်။” ဟု ပြောသည်။

အဆိုပါရုံးတွင် ကလေးသူငယ်နှင့်ဆိုင်သောအမှုများကို အဓိကဖြေရှင်းလုပ်ဆောင်သွားမှာဖြစ်ပြီး အခြားအမှုများကို တတ်နိုင်သရွေ့ အခမဲ့ကူညီဆောင်ရွက်ပေးသွားမည်ဟုလည်း ဆိုသည်။

မောင်တောမြို့ခံတစ်ဦးဖြစ်သူ ဦးကိုလတ်ထွန်းကလည်း မောင်တောဒေအတွင်း လူအများမသိနိုင်သည့်အမှုများကို ဥပဒေလမ်းကြောင်းအတိုင်း လုပ်ပေးစေလိုသည်ဟု ပြောသည်။

“ခုလိုမျိုး မောင်တောမြို့မှာ ခုလို ဥပဒေရုံးလာဖွင့်တဲ့အတွက် ဝမ်းသာပါတယ်။ အမှုမလိုက်နိုင်တဲ့ မတရားကျူးလွန်ခံရတဲ့သူတွေ အမှုမလိုက်နိုင်တဲ့အခါ။ ဒီလိုအနေထားတွေမှာ ဒီသဇင်ဥပဒေရုံး မောင်တောမှာရှိနေတဲ့အတွက် ဥပဒေအကြောင်းအရ အကူညီတောင်းခံဖို့ဆိုရင် သူတို့နဲ့ဆက်သွယ်ပြီးလုပ်သွားလို့လည်း ရတယ်။ လူအများမသိနိုင်တဲ့အမှုတွေကို ဥပဒေလမ်းကြောင်းအတိုင်း မြို့နဲ့ကျေးရွာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်သိနိုင်အောင် လုပ်ဆောင်ပေးစေချင်ပါတယ်။” ဟု ပြောသည်။

စစ်တွေနှင့် အမ်းမြို့တို့တွင်လည်း အဆိုပါအဖွဲ့၏ရုံးခွဲများကို ၂၀၁၆ ခုနှစ်မှ စတင်ဖွင့်လှစ်ကာ ဥပဒေဆိုင်ရာအမှုများကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။

Most read this week

August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...