ကျောက်တော်မြို့နယ် တောင်မင်းကုလားစစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင် ၉ ဦးအနံ့မရဖြစ်နေ၍ စိုးရိမ်နေရ

ကျောက်တော်မြို့နယ် တောင်မင်းကုလားစစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင် ၉ ဦးအနံ့မရဖြစ်နေ၍ စိုးရိမ်နေရ
တောင်မင်းကုလားစစ်ဘေးရှောင်စခန်းအားတွေ့ရစဉ်။
တောင်မင်းကုလားစစ်ဘေးရှောင်စခန်းအားတွေ့ရစဉ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် တောင်မင်းကုလား စစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင် ၉ ဦးသည် အနံ့မရဖြစ်နေသည့်အတွက် စိုးရိမ်နေရကြောင်း သတင်းရရှိသည်။

အနံ့မရသူများမှာ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၇ ဦးတို့ဖြစ်ကြသည်။

၄င်းတို့သည် ဖျားနာလာပြီးနောက် အနံ့မရဖြစ်လာသည်မှာ တစ်ဦးနှစ်ဦးမှစ၍ ၉ ဦးအထိကူးစက်မှုရှိလာသဖြင့် စိုးရိမ်မိကြောင်း တောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးနှင့် ကလေးငယ်တာဝန်ခံ ဒေါ် မအေးအေးခိုင်ကပြောသည်။

“ကျွန်မကတော့ စခန််းမှာသောက်ဆေးတွေဘာတွေရောင်းပေးတာလည်း လုပ်ပါတယ်။ အနံ့မရလို့ဆိုပြီး အရင်လထဲမှာ ဆေးလာဝယ်တဲ့သူ သုံးလေးယောက်ရှိတယ်။ အခုကျွန်မကိုယ်တိုင်အနံ့မရဖြစ်လာတယ်။ လက်ရှိ အခုပြောတဲ့ ကိုးယောက်လည်း အနံ့မရကြဘူး။ ကျန်းမာရေးဝန်ထမ်းတွေကိုပြောတော့ ကျောက်တော်ဆေးရုံကိုသွားဖို့ပြောတယ်။ ကျွန်မတို့မှာ လမ်းစရိတ်မတတ်နိုင်ဘူး” ဟု ပြောသည်။

စခန်းတာဝန်ရှိသူများအနေဖြင့် ကျန်းမာရေးဌာနကို အကြောင်းကြားလာလျှင် စခန်းလော့ဒေါင်းချခံရမည်ကိုစိုးရိသည့်အတွက် မပြောဘဲနေခဲ့ရာ ယခုအခါ အခြေအနေဆိုးလာ၍ ဖွင့်ပြောရခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒီကိစ္စကို မီဒီယာကိုပြောသင့်မပြောပြသင့် ကျွန်မတို့ အတော်စဉ်းစားရပါတယ်။ ဒါပေမဲ့ အခုမပြောလို့မဖြစ်တော့ဘူး။ ဒီထက်ကူးစက်လာရင် မကောင်းဘူးဆိုပြီး ပြောရတာပါ။ နေမကောင်းတဲ့လူတွေမှာလည်း အာဟာရပြည့်အောင်စားဖို့ အခက်အခဲလည်းရှိတယ်” ဟု ဒေါ်မအေးခိုင်က ပြောသည်။

ကျောက်တော်မြို့နယ်ဆရာဝန်ကြီးဒေါက်တာသန်းထွန်းဦးက တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတွင် အနံ့မရသူ ၇ ဦးခန့်ရှိသည်ကို ကျန်းမာရေးဝန်ထမ်းမှ အကြောင်းကြားလာကြောင်း ပြောသည်။

“အခုတော့ စုံစမ်းခိုင်းထားတယ်။ အတည်ပြုပြီးမှ case များလား၊ မများလားဆိုတာ စုံစမ်းပြီး ဆက်လက်ဆောင်ရွက်ရမယ်” ဟု ပြောသည်။

တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၅၂၇ ဦးနှင့် အိမ်ထောင်စု ၉၅ စုရှိကြောင်း သိရသည်။

လက်ရှိတွင် ကိုဗစ်ကာလဖြစ်သဖြင့် အဆိုပါစခန်းအတွင်း အလုပ်အကိုင်ထွက်လုပ်ကြသူများမှာလည်း အလုပ်လက်မဲ့ဖြစ်သွားကြရာ စားသောက်နေထိုင်ရေး ခက်ခဲလာနေကြောင်း သိရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...