စစ်ဆန့်ကျင်ရေးဆန္ဒဖော်ထုတ်ခဲ့သည့် ရခိုင်က ကျောင်းသားလေးဦးကို ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ချမှတ်

စစ်ဆန့်ကျင်ရေးဆန္ဒဖော်ထုတ်ခဲ့သည့် ရခိုင်က ကျောင်းသားလေးဦးကို ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ချမှတ်

စစ်ဆန့်ကျင်လှုပ်ရှားမှုကြောင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ရခိုင်က ကျောင်းသားလေးဦးကို စစ်တွေမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ကျခံရန် ယနေ့စက်တင်ဘာလ ၁၆ ရက်နေ့ရုံးချိန်းတွင် အမိန့်ချမှတ်လိုက်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှ သိရသည်။

ကျောင်းသားလေးဦးကို ယနေ့ဗွီဒီယိုအွန်းလိုင်းစနစ်ဖြင့် ရုံးထုတ်စစ်ဆေးခဲ့ရာ အမှုနှင့်ပတ်သက်ပြီး ကျောင်းသားများက ဝန်ခံခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။

“ဒီနေ့ နှစ်မှုလုံးကို စွဲချက်အမိန့်ချတယ်။ ကျောင်းသားတွေက အမှုနှစ်ခုလုံးကို အပြစ်ရှိတယ်လို့ဝန်ခံတယ်။ ဝန်ခံလိုက်တဲ့အခါမှာ တရားရုံးက ၅၀၅(ခ) နဲ့ပတ်သက်ပြီး ပြစ်ဒဏ် ၂ နှစ်ချတယ်။ ဘေးစီမံနဲ့ပတ်သက်ပြီးတော့ ၆ လချတယ်” ဟု ၎င်းကပြောသည်။

ကျောင်းသားလေးဦးမှာ နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ- ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်နှင့် ဘေး/စီ/မံ ဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ၆ လ ချမှတ်ခံရပြီး ၎င်းတို့၏ချုပ်ရက် ၁၁ လခန့်ကို ထုတ်နှုတ်ခံစားခွင့်ရသဖြင့် ကျောင်းသားလေးဦးမှာ တစ်နှစ်ကျော် ပြစ်ဒဏ်ချမှတ်ခံရမည်ဖြစ်သည်။

စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် အမှုနှစ်ခုဖြင့် တရားစွဲဆိုထောင်ချခံရသည့် ကျောင်းသားလေးဦးမှာ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ကိုကောင်းထွန်းတို့ ဖြစ်ကြသည်။

ရခိုင်ကျောင်းသားလေးဦးသည် ပြည်သူဘက်မှရပ်တည်ပြီး ပြည်သူများခံစားရနေသည်များကို ဆန္ဒဖော်ထုတ် တောင်းဆိုခြင်းကို ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် မှားယွင်းသည့်လုပ်ရပ်ဖြစ်ကြောင်း အမိန့်ချခံရသည့် ကိုကျော်နိုင်ဌေး၏ အကိုဖြစ်သူ ကိုကျော်မင်းဌေးကပြောသည်။

“ကျောင်းသားတွေက အမှန်တရားအတိုင်းဖြစ်စေချင်လို့ ဖော်ထုတ်တောင်းဆိုတာပဲဖြစ်တယ်။ အဲဒါကို အခုလို ပြစ်ဒဏ်ချမှတ်တယ်ဆိုတာတော့ ခေါင်းဆောင်တွေရဲ့ဆုံးဖြတ်ချက်ဟာ မှားတယ်လို့ပြောချင်တယ်။ သူတို့ရဲ့ လုပ်ရပ်ကမှားတယ်။ အဲတော့ သူတို့အမှားကြောင့် သူတို့က တချိန်ချိန်မှာ ပြန်ပြီးတော့ပေးဆပ်ရလိမ့်မယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဦးဆောင်ပြီး “ဖက်ဆစ်စစ်တပ်အလိုမရှိ၊ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government ၊ Burmese Government Get Out ၊ Burmese Army Get Out” စသည့်အချက်များကို စစ်တွေမြို့တွင် တောင်းဆိုဆန္ဒဖော်ထုတ်ခဲ့ကြရာ၌ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

ထောင်ဒဏ်ချမှတ်ခံရသည့် ကျောင်းသား ကိုဦးသန်းနိုင်၏ ဖခင် ဦးမောင်အေးထွန်းက “ကျနော့်သားက ဘွဲ့လည်းမရသေးဘူး။ ဒါက ပညာရေးအတွက်ဆုံးရှုံးတာတမျိုးဖြစ်တယ်။ နောက်လူမှုရေးအတွက် ဆုံးရှုံးတာတွေ၊ မိသားစုအတွက် နစ်နာတာတွေအများကြီးရှိတယ်။ အခုတွေ့ချင်လို့ (ရုံးချိန်းကို) လာရင်လည်း ကျနော်တို့ရှေ့ကမဟုတ်ဘဲ တခြားနည်းလမ်းတွေနဲ့အမိန့်ချတာတော့ အများကြီးဝမ်းနည်းတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါကျောင်းသားလေးဦးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)၊ ဘေး/စီ/မံဥပဒေပုဒ်မ-၂၉ တို့ဖြင့် တစ်နှစ်ကျော်ကြာတရားရင်ဆိုင်ခဲ့ရပြီးနောက်တွင် ထောင်ဒဏ်အမိန့်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများနှင့် လပေါင်းများစွာ အင်တာနက်ဖြတ်တောက်မှုများနှင့် ပတ်သက်ပြီး ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂမှ ကျောင်းသားအချို့မှာလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ထောင်ဒဏ်ချမှတ်ခံထားကြရသည်။

 
 

 

 

Most read this week

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...