ကြားဖြတ်ထောက်လှမ်းခွင့်ပြုရန် အာဏာပိုင်များ၏ ဖိအားကြောင့် လုပ်ငန်းရုတ်သိမ်းရခြင်းဟု တယ်လီနောပြော

ကြားဖြတ်ထောက်လှမ်းခွင့်ပြုရန် အာဏာပိုင်များ၏ ဖိအားကြောင့် လုပ်ငန်းရုတ်သိမ်းရခြင်းဟု တယ်လီနောပြော

ဥရောပသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုကို ရှောင်ရှားရန်အတွက် မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းလည်ပတ်မှုများကို ရောင်းချခဲ့ခြင်းဖြစ်ကြောင်း နော်ဝေဆက်သွယ်ရေးကုမ္ပဏီ တယ်လီနော၏ အာရှရေးရာ အကြီးအကဲက ရိုက်တာသတင်းဌာနသို့ ဖြေကြားလိုက်သည်။

ဆက်သွယ်ရေးလိုင်းများအား ကြားဖြတ်ထောက်လှမ်းရေး နည်းပညာများ တပ်ဆင်ပေးရန် မြန်မာစစ်တပ်အာဏာပိုင်များက တောက်လျှောက် ဖိအားပေးလျက်ရှိသည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်ခဲ့ရခြင်းဟု သူကဆိုသည်။

တယ်လီနောကုမ္ပဏီသည် မြန်မာနိုင်ငံရှိ လုပ်ငန်းလည်ပတ်မှုများအား လက်ဘနွန် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ M1 Group ထံသို့ အမေရိကန်ဒေါ်လာ ၁.၅ သန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း ပြီးခဲ့သော ဇူလိုင်လတွင် ကြေညာခဲ့သည်။

“တယ်လီနော ဆက်ရှိနေဖို့ဆိုရင် အာဏာပိုင်တွေအတွက် ကြားဖြတ်ထောက်လှမ်းရေး နည်းပညာတွေ စီစဉ်ပေးမှ ဖြစ်မယ်ဆိုတာကို စစ်တပ်က အာဏာရယူခဲ့ပြီးတည်းက ရှင်းရှင်းလင်းလင်း သိသာနေပါပြီ” ဟု အာရှရေးရာအကြီးအကဲ Jørgen Rostrup က အင်တာဗျူးတစ်ခုတွင် ဖြေကြားသည်။

ထိုကဲ့သို့ ကြားဖြတ်ထောက်လှမ်းခွင့် ပြုလိုက်မည်ဆိုလျှင် မြန်မာလူထု၏ လူ့အခွင့်အရေးကို အကာအကွယ်ပေးရေးကို မလိုက်နာရာရောက်သဖြင့် ဥရောပသမဂ္ဂ၏ မြန်မာအပေါ် လက်နက်ရောင်းဝယ်မှု ပိတ်ပင်ရေး ၂၀၁၈ စည်းမျှဉ်းကို ချိုးဖောက်ရာရောက်မည်ဟုလည်း သူက ဖြည့်စွက်ဖြေကြားသည်။

ရိုက်တာသတင်းဌာနက စုံစမ်းဖော်ထုတ်မှုတစ်ရပ်အရဆိုလျှင် မြန်မာနိုင်ငံ၌ စစ်တပ်က နိုင်ငံသားများ၏ ဆက်သွယ်မှုများအားလုံးကို စိတ်ကြိုက် ကြားဖြတ်ထောက်လှမ်းနိုင်သည့် နည်းပညာ တပ်ဆင်ပေးရန်အတွက် ဆက်သွယ်ရေးလုပ်ငန်းအားလုံးကို အာဏာသိမ်းမှု မပေါ်ပေါက်မီ လပေါင်းများစွာတည်းက ကြိုတင်၍ လျှို့ဝှက်အမိန့်ပေးထားကြောင်း သိရသည်။

တယ်လီနောအနေဖြင့် အာဏာပိုင်များအား လက်ရှိအချိန်အထိ ကြားဖြတ်ထောက်လှမ်းခွင့် မပြုသေးသလို လိုက်လျောပေးမည်လည်းမဟုတ်ဟု သူက ဆိုသည်။

သို့သော်လည်း ကြားဖြတ်ထောက်လှမ်းရေးအတွက် လိုအပ်သည့်နည်းပညာအား တပ်ဆင်ပြီးသား ရှိ/မရှိကို မေးမြန်းရာတွင် သူက မှတ်ချက်ပြု ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

အဆိုပါဖြေကြားချက်များနှင့် ပတ်သက်၍ ရိုက်တာသတင်းဌာနက မြန်မာစစ်တပ်ပြောခွင့်ရ ထံသို့ ဆက်သွယ်ခဲ့ရာတွင် ဖုန်းလက်ခံဖြေကြားခြင်း မရှိဟု ရိုက်သတင်းတွင် ဖော်ပြသည်။

နော်ဝေ စက်မှုလုပ်ငန်းဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းရာ၌ ယခုရောင်းချမှုသည် တယ်လီနောဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်ဟု ဖြေကြားသည်။

မြန်မာနိုင်ငံရှိ တက်ကြွလှုပ်ရှားသူများက ယခုရောင်းချမှုကို ရပ်ဆိုင်းရန် သို့မဟုတ် နောက်ဆုတ်ထားပေးရန် တယ်လီနောထံ တောင်းဆိုခဲ့သည်။ သို့သော်လည်း Rostrup ကမူ တယ်လီနောအနေဖြင့် ဥရောပသမဂ္ဂ၏ စည်းမျှဉ်းစည်းကမ်းကို လိုက်နာပြီး မြန်မာနိုင်ငံမှ ထွက်ခွာရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိဟု ဖြေကြားသည်။နိုင်ငံတွင်း၌ ဆက်ရှိနေပါက ဝန်ထမ်းများ၏ လုံခြုံရေးကို အာမခံပေးနိုင်မည့် အခြေအနေ မရှိသလို ကြားဖြတ်ထောက်လှမ်းရေးကို ခွင့်ပြုလိုက်လျှင်လည်း မိမိတို့၏ စံချိန်စံညွှန်းများကို လုံးလုံး ချိုးဖောက်ရာရောက်သွားမည်ဟု ဖြေကြားခဲ့သည်။

Most read this week

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...