Time မဂ္ဂဇင်း၏ ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး အယောက် ၁၀၀ စာရင်းတွင် ရှမ်းနီအမျိုးသမီးတစ်ဦးနှင့် ကချင်အမျိုးသမီးတစ်ဦးပါဝင်

Time မဂ္ဂဇင်း၏ ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး အယောက် ၁၀၀ စာရင်းတွင် ရှမ်းနီအမျိုးသမီးတစ်ဦးနှင့် ကချင်အမျိုးသမီးတစ်ဦးပါဝင်

ကမ္ဘာကျော်မဂ္ဂဇင်းတစ်ခုဖြစ်သည့် Time မဂ္ဂဇင်းက နှစ်စဉ်ရွေးချယ်သည့် ကမ္ဘာ့လွမ်းမိုးမှုအရှိဆုံး အယောက် ၁၀၀ စာရင်းတွင် ရှမ်းနီတိုင်းရင်းသူဖြစ်သည့် မအိသဉ္ဇာမောင်နှင့် ကချင်တိုင်းရင်းသူ အက်တာဇေနောတို့ ပါဝင်လာခဲ့သည်။

Time က ရွေးချယ်ရာတွင် ရှေ့ဆောင်လမ်းပြသူဆိုသည့် ခေါင်းစဉ်အောက်မှ ၎င်းတို့နှစ်ဦးကို ရွေးချယ်သတ်မှတ်ထားခြင်းဖြစ်သည်။

“ဒါဟာ မြန်မာ့အရေးကို ကမ္ဘာက အသိအမှတ်ပြု လေးစားတဲ့သဘောပါ။ ဘာပဲပြောပြော မြန်မာကို ကမ္ဘာက အသိအမှတ်ပြုစေခဲ့တဲ့အတွက်လည်း ဝမ်းသာပါတယ်။ ကျမကတော့ ကျမကြိုက်တဲ့ ကဗျာလေးအတိုင်းပဲ အောင်မြင်မှုသုခနဲ့ ဆုံးရှူံးမှုဒုက္ခဆိုတာ တူညီတဲ့ လောကဓံတရားတွေပဲမို့လို့ ကိုယ့်ကိုကိုယ် အတတ်နိုင်ဆုံး နှိမ့်ချနေတတ်အောင် ကြိုးစားပါ့မယ်ရှင်။” ဟု မအိသဉ္ဇာမောင်က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့က လူထုကိုဦးဆောင်ကာ လက်သုံးချောင်းထောင်ပြီး စစ်အာဏာရှင်ဆန့်ရှင်မှုလုပ်ရှားမှုကို ဦးဆောင်ခဲ့ကြသူများလည်းဖြစ်သည်။

မအိသဉ္ဇာမောင်သည် NUG အစိုးရ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိနေသည်။

Time က စိစစ်ရွေးချယ်မှုတွင် မြန်မာပြည်ဖွား နာဆာ၏ အာကာသသိပ္ပံပညာရှင် ဒေါ်မီမီအောင်လည်း တီထွင်ဆန်းသစ်မှုဆိုသည့် ခေါင်းစဉ်ဖြင့် ရွေးချယ်ခံခဲ့ရသည်။

ယခုနှစ် Time ၏ ရွေးချယ်မှုတွင် မြန်မာပြည်မှ အမျိုးသမီး (၃) ဦး ပါဝင်ခြင်းဖြစ်သည်။

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...