အင်းတော်ကြီး အင်းမြှီးဒေသမှာ ကိုဗစ်ရောဂါပိုး ကူးစက်မှုမြင့်တက်နေ

အင်းတော်ကြီး အင်းမြှီးဒေသမှာ ကိုဗစ်ရောဂါပိုး ကူးစက်မှုမြင့်တက်နေ

အင်းတော်ကြီး အင်းမြှီးဒေသတွင် စက်တင်ဘာလအစပိုင်းမှစတင်ပြီး ကူးစက်မှုမြင့်တက်လာခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိမှုများအရ ရက်ပိုင်းအတွင်း ၃၀ ကျော်ရှိနေပြီး ကိုဗစ်လက္ခဏာဖြစ်သည့် နာစေးခြင်း၊ အနံ့ပျောက်ခြင်းများ ခံစားနေရသည့် အိမ်ထောင်စုများစွာရှိကြောင်း ဒေသတွင်း Volunteer များက ပြောသည်။

“တွေ့တဲ့လူတွေမှာ အခုဟာက ကောင်းကောင်းမွန်မွန်တွေကြီးပဲ သန်သန်မာမာတွေပဲ၊ ဒါပေမယ့် နာစေးပြီးမှ အနံ့ပျောက်ကြတယ်။” ဟု အင်းတော်ကြီး ရှမ်းနီလူငယ်ကွန်ရက်မှ ပြန်ကြားရေးတာဝန်ခံ စိုင်းကျော်ထက်အောင်က ပြောသည်။

အင်းမြှီးဒေသ ကိုဗစ်ရောဂါပိုးမြင့်တက်လာခြင်းမှာ ကိုဗစ်စည်းမျဉ်းစည်းကမ်းများလိုက်နာမှု အားနည်းခြင်းနှင့် စစ်ဆေးနိုင်သည့် နေရာများမရှိခြင်းကြောင့်ဟု ဒေသခံများကပြောဆိုသည်။

“တောရွာဆိုတော့ဗျာ နိုင်ငံရေးကလည်းမကောင်းတာနဲ့ ကိုဗစ်စည်းကမ်းတွေကို ကျွန်တော်တို့ ဆော်ဩပေးနေတာ ဒါပေမယ့် လိုက်နာမှုအားနည်းတာပေါ့၊ တချို့လည်း Mask တော့တပ်တယ် တပ်ပုံတပ်နည်းမမှန်ဘူး ပြီးရင် Mask တပ်တယ်ဆိုပြီးရင်လည်း လက်ဆေးရမယ်ဆိုတာ မလုပ်ကြဘူး” ဟု အိုင်လေးတူကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

အင်းမြှီးဒေသတွင် အိုင်လေးတူကျေးရွာသည် လက်ရှိ ကူးစက်မှုအမြင့်ဆုံး ကျေးရွာတစ်ခုလည်းဖြစ်နေသည်။

“အိမ်ခြေ (၁၀၀) မှာ ၇၀ လောက်တော့ သေချာနေပြီ ကွင်းဆက်အရပေါ့လေကျွန်တော်ပြောတာ။ အခုဖြစ်နေတာတောင် သုံးလေးငါအိမ်ထောင်ရှိနေပြီ။ မနေ့ကတွေ့တဲ့သူဆိုရင် စျေးဆိုင်ရောင်းတဲ့အိမ်ကဆိုတော့ တစ်ရွာလုံးကဖြင့် သူ့ဆိုင်မှာပဲဝယ်နေတာ” ဟု အိုင်လေးတူကျေးရွာသားတစ်ဦးက ပြောသည်။

အင်းတော်ကြီး အင်းမြှီးဒေသတွင် ကိုဗစ်ရောဂါပိုးစစ်ဆေးနိုင်သည်မှာ ယခုစက်တင်ဘာလမှဖြစ်သည်။

စုံစမ်းသိရှိရသည့်သတင်းများအရ တချို့သော ကိုဗစ်ရောဂါလက္ခဏာပြနေသူများလည်း နေအိမ်တွင် ကိုယ်တိုင်ကုသလျှက်ရှိနေကြောင်း သိရသည်။

အင်းမြှီးဒေသ (၇) ရွာတွင် ၅ ရွာနီးပါး၌ ရောဂါပိုးကူးစက်နေပြီး သံဃာတော် (၂) ပါး၊ ကိုရင် (၂) ပါးနှင့် လူလတ်ပိုင်း (၂၈) ဦးတို့ပါဝင်ကြောင်း သိရသည်။

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...