တနိုင်း စစ်ကောင်စီတပ်ကို KIA မိုင်းခွဲတိုက်ခိုက်

တနိုင်း စစ်ကောင်စီတပ်ကို KIA မိုင်းခွဲတိုက်ခိုက်

တနိုင်း ရှင်ဗွေယန်လမ်းမပေါ် တရုန်နှင့် တခက်ကျေးရွာကြား ဆက်သွယ်ရေးတာဝါတိုင်အနီးတွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့ ယနေ့နံနက် ၆ နာရီဝန်းကျင်ခန့်က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တရုန်ကျေးရွာမှ စစ်ကောင်စီတပ် စစ်အင်အား ၂၀၀ ခန့်က တခက်ကျေးရွာဘက်သို့ တက်လာခဲ့ရာ KIA က ကြားဖြတ်မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု တရုန်ဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့ပါသည်။

"တရုန်ကနေ တခက်ဘက်ကို တက်လာခဲ့တာကို KIA ကလမ်းမှာစောင့်ပြီး မိုင်းခွဲတိုက်ခိုက်တယ်။ တိုက်ပွဲက အခုချိန်ထိဖြစ်နေတုန်း။ လက်နက်ကြီး လက်နက်ငယ် အစုံဘဲ။ ထိခိုက်မှုအသေးစိတ်က မသိရသေးဘူး" ဟု ပြောဆိုသည်။

တိုက်ပွဲ ဖြစ်ပွားခဲ့သည့်နေရာမှာ တရုန်ကျေးရွာအကျော် တခက်ကျေးရွာအဝင် လမ်းမကြီးပေါ် အနီးတဝိုက်တွင်ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က လက်ရှိတွင် တရုန်ကျေးရွာတွင် စစ်အင်အား ၁၀၀ ကျော်ခန့်က တပ်စွဲနေရာယူထားပြီး ယမန်နေ့တွင် ရှင်ဗွေယန်ဘက်မှ စစ်အင်အား ပြန်လည် တိုးချဲ့ထားကြောင်းလည်း သိရသည်။

စက်တင်ဘာလ ၇ ရက်နေ့မှစပြီး တနိုင်း ရှင်ဗွေယန် လမ်းမပေါ်တွင် ၂ ဖက်တပ် စစ်ရေးတင်းမာမှုရှိခဲ့ပြီး တိုက်ပွဲ ပုံမှန်ဖြစ်ပွားနေလျက်ရှိနေသည်ဟု သိရသည်။

 
 

 

 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...