တနိုင်း စစ်ကောင်စီတပ်ကို KIA မိုင်းခွဲတိုက်ခိုက်

တနိုင်း စစ်ကောင်စီတပ်ကို KIA မိုင်းခွဲတိုက်ခိုက်

တနိုင်း ရှင်ဗွေယန်လမ်းမပေါ် တရုန်နှင့် တခက်ကျေးရွာကြား ဆက်သွယ်ရေးတာဝါတိုင်အနီးတွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့ ယနေ့နံနက် ၆ နာရီဝန်းကျင်ခန့်က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တရုန်ကျေးရွာမှ စစ်ကောင်စီတပ် စစ်အင်အား ၂၀၀ ခန့်က တခက်ကျေးရွာဘက်သို့ တက်လာခဲ့ရာ KIA က ကြားဖြတ်မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု တရုန်ဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့ပါသည်။

"တရုန်ကနေ တခက်ဘက်ကို တက်လာခဲ့တာကို KIA ကလမ်းမှာစောင့်ပြီး မိုင်းခွဲတိုက်ခိုက်တယ်။ တိုက်ပွဲက အခုချိန်ထိဖြစ်နေတုန်း။ လက်နက်ကြီး လက်နက်ငယ် အစုံဘဲ။ ထိခိုက်မှုအသေးစိတ်က မသိရသေးဘူး" ဟု ပြောဆိုသည်။

တိုက်ပွဲ ဖြစ်ပွားခဲ့သည့်နေရာမှာ တရုန်ကျေးရွာအကျော် တခက်ကျေးရွာအဝင် လမ်းမကြီးပေါ် အနီးတဝိုက်တွင်ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က လက်ရှိတွင် တရုန်ကျေးရွာတွင် စစ်အင်အား ၁၀၀ ကျော်ခန့်က တပ်စွဲနေရာယူထားပြီး ယမန်နေ့တွင် ရှင်ဗွေယန်ဘက်မှ စစ်အင်အား ပြန်လည် တိုးချဲ့ထားကြောင်းလည်း သိရသည်။

စက်တင်ဘာလ ၇ ရက်နေ့မှစပြီး တနိုင်း ရှင်ဗွေယန် လမ်းမပေါ်တွင် ၂ ဖက်တပ် စစ်ရေးတင်းမာမှုရှိခဲ့ပြီး တိုက်ပွဲ ပုံမှန်ဖြစ်ပွားနေလျက်ရှိနေသည်ဟု သိရသည်။

 
 

 

 

Most read this week

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...