စားနပ်ရိက္ခာပြတ်လပ်မှုဖြစ်နေသည့် ဆမီးမြို့သို့ ရခိုင်ဘက်မှ ဆန်ရိက္ခာများ သယ်ယူပို့ဆောင်

စားနပ်ရိက္ခာပြတ်လပ်မှုဖြစ်နေသည့် ဆမီးမြို့သို့ ရခိုင်ဘက်မှ ဆန်ရိက္ခာများ သယ်ယူပို့ဆောင်

ရိက္ခာသယ်ယူရာလမ်းကြောင်း ပိတ်ဆို့နေမှုကြောင့် စားနပ်ရိက္ခာအခက်အခဲကြုံနေရသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့သို့ ရခိုင်ပြည်နယ်ဘက်မှ ဆန်ရိက္ခာများ သယ်ယူပို့ဆောင်နေပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

စားနပ်ရိက္ခာအခက်အခဲဖြစ်နေသည့် ဆမီးမြို့မှဒေသခံများအတွက် ပြီးခဲ့သည့်ရက်ပိုင်းက ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ဘက်မှ ဆန်အိတ်တစ်ထောင်ကျော်ကိုသယ်ယူကာ ပလက်ဝမြို့မှတစ်ဆင့် ဆမီးမြို့သို့ပို့ဆောင်ခဲ့ကြောင်း ဆမီးဒေသခံများပြောကြားချက်အရ သိရသည်။

“ဟိုဘက် ဒီဘက်ချိတ်ဆက်ပြီးတော့ ပုဂ္ဂလိကအနေနဲ့သယ်ယူနေတာ။ ဆန်အိတ်တစ်ထောင်ကျော် သယ်ယူပို့ထားတယ်။ အဲဒီဆန်တွေကုန်မှဘဲ နောက်တစ်ခေါက်သွားသယ်ယူမှာဖြစ်တယ်” ဟု အမည်မဖော်လိုသည့် ဆမီးဒေသခံတစ်ဦးကပြောသည်။

လက်ရှိတွင် ဆမီးမြို့ဒေသခံများအတွက် ရိက္ခာလုံလောက်သည့်အနေအထားမှာရှိနေသော်လည်း ကျောက်တော်ဘက်မှသယ်ယူပို့ဆောင်ပေးနေသည့် ဆန်ရိက္ခာများကို စျေးပိုပေးကာ ဝယ်ယူစားသောက်နေရကြောင်း သိရသည်။

ကာလပေါက်စျေး ရိုးရိုးဆန်တစ်အိတ်လျှင် (၂၅၀၀၀) ဝန်းကျင်ရှိသော်လည်း ဆမီးမြို့တွင် (၃၈၀၀၀) ကျပ်ဖြင့် ပေးဝယ်စားသောက်နေရပြီး အခြားဆီ၊ ဆား၊ ကြက်သွန် စသည့်စားသောက်ကုန်ပစ္စည်းများလည်း ယခင်ကထက်စျေးပိုပေးကာ ဝယ်ယူစားသောက်နေရကြောင်း ဒေသခံများကပြောသည်။

“လောလောဆယ်မှာတော့ ရိက္ခာလုံလောက်မှုတော့ရှိတယ်။ အရင်တလောကဆိုရင် ပြတ်လပ်မယ့်အနေအထားမှာရှိခဲ့တယ်။ ကုန်ပစ္စည်းတွေကတော့ အရင်ကထက် တစ်ဆလောက်တော့ မြင့်တက်နေသေးတယ်” ဆမီးဒေသခံတစ်ဦးဖြစ်သည့် ဦးမျိုးဇံက ပြောသည်။

ဆမီးမြို့အတွက် အဓိကရိက္ခာသယ်ယူရာလမ်းဖြစ်သည့် မတူပီ-မင်းတပ်-ပခုက္ကူလမ်းကြောင်းမှာပိတ်ထားသဖြင့် ဆမီးမြို့သို့ ရိက္ခာမရောက်ရှိနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

သြဂုတ်လအတွင်းက ဆမီးမြို့သို့လာရောက်သည့် ကုန်တင်ကားတစ်စီးမှာ မတူပီနှင့်ဆမီးကြားတွင် မီးရှို့ခံရမှုဖြစ်ပွားခဲ့သဖြင့် ယင်းလမ်းကြောင်းအား မြန်မာစစ်တပ်က သွားလာရေးကန့်သတ်လိုက်သဖြင့် ကုန်တင်ယာဉ်များ မသွားရဲမလာရဲဖြစ်နေကြသည်ဟု ဒေသခံများကပြောသည်။

ဆမီးမြို့အတွက် ရိက္ခာသယ်ယူပို့ဆောင်နေသည့်လမ်းကြောင်း ပိတ်ဆို့နေမှုကြောင့် ဒေသခံများမှာ တစ်လနီးပါးစားနပ်ရိက္ခာအခက်အခဲများဖြင့် ကြုံတွေ့ခဲ့ကြရသည်။

ယင်းကြောင့် ကျောက်တော်ဘက်မှ ရိက္ခာများကိုသယ်ယူပြီး ပလက်ဝမှတစ်ဆင့် ဆမီးမြို့သို့ပို့ဆောင်နိုင်ရန်အတွက် မြို့နယ်ထွေအုပ်ရုံးမှ တာဝန်ရှိသူများနှင့်ဆွေးနွေးပြီး စစ်ကောင်စီထံ ခွင့်ပြုချက်တောင်းခံကာ သယ်ဆောင်နေရကြခြင်းဖြစ်သည်။

 
 

 

 

Most read this week

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...