လူမှုကွန်ယက်တွင် ဓာတ်ပုံပျံ့နှံ့နေတဲ့ လူငယ်နှစ်ဦးမှာ စံပြ ၆ မိုင် ဒေသခံဖြစ်နေ

လူမှုကွန်ယက်တွင် ဓာတ်ပုံပျံ့နှံ့နေတဲ့ လူငယ်နှစ်ဦးမှာ စံပြ ၆ မိုင် ဒေသခံဖြစ်နေ

လူမှုကွန်ယက်စာမျက်နာမှာ ပျံ့နှံ့နေတဲ့ လက်ကြိုးတုတ်ထားပြီး ဒူးထောက်လျက်အနေအထားမှာ လက် ၃ ချောင်းထောင်နေတဲ့ လူငယ်နှစ်ယောက်ရဲ့ ဓာတ်ပုံဟာ ကရင်နီပြည်နယ် စံပြ ၆ မိုင်က ဒေသခံလူငယ်တွေဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါ လူငယ်နှစ်ဦးမှာ အသက် ၁၄ နှစ်နဲ့ အသက် ၁၅ နှစ် ရွယ်တွေဖြစ်ပြီး ပါစကွားလယ်နဲ့ ဖီဒေးလယ်ဖြစ်တယ်လို့ သိရပါတယ်။

စစ်ရှောင်စခန်းကနေ ရွာကိုကြည့်ဖို့ပြန်လာရင်း ဖမ်းခံခဲ့ရတာဖြစ်တယ်လို့ စံပြ ၆ မိုင် ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။

”အဖမ်းခံရတဲ့နေ့ ကျနောတို့ ဒီ ဒီးမော့ဆိုမြို့နယ်မှာပေါ့နော။ စံပြ ၆ မိုင်အုပ်စုထဲက ဒေါပိုးစီကျေးရွာမှာ စပစ်တဲ့ရက်မှာပေါ့နော။ စစ်ဖြစ်ပြီး နောက်တစ်ရက်မှာပဲ ရွာထဲပြန်ဝင်လာရင်းနဲ့ စစ်တပ်က ဖမ်းခေါ်သွားတာပေါ့နော။“ လို့ အဆိုပါဒေသခံက ပြောပါတယ်။

စံပြ၆မိုင်မှာ တိုက်ပွဲတစ်ကျော့ပြန်အတွင်း ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ရှောင်ကနေ ရွာတွေကိုပြန်လာတဲ့သူတွေကို စစ်ကောင်စီက ဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

လူမှုကွန်ယက်မှာ ပျံ့နှံ့နေတဲ့ လူငယ်နှစ်ဦးကိုတော့ ခမရ (၄၂၇) တပ်မှာ ထိန်းသိမ်းထားပြီး လက်ရှိအခြေအနေကို အခုချိန်အထိ မသိရသေးဘူးလို့ တာချီလိတ်သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။

အဆိုပါလူငယ်နှစ်ဦးကို ကန်ခုနှစ်ဆင့်ကျေးရွာဖက်ကို စစ်ကြောင်းထိုးရင်း အရှေ့ကနေ လမ်းပြခေါ်သွားပြီး လူသားဒိုင်းကာအနေနဲ့လည်း အသုံးပြုခဲ့တယ်လို့  မျက်မြင်တွေ့ရှိခဲ့သူ ဒေသခံတစ်ဦးက ပြောပါတယ်။

စံပြ ၆ မိုင်မှာ စက်တင်ဘာလ ၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ နေအိမ် ၆ လုံး မီးရှို့ခံရပြီး နေအိမ်ထဲမှာ အသက် (၄၀) အရွယ် ဦးလေးတစ်ယောက် အသတ်ခံခဲ့ရပြီး မီးထဲသေဆုံးသွားခဲ့ရတာလည်း ရှိခဲ့ပါတယ်။

Most read this week

August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...
August 20, 2026
ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ လျှော့ချနိုင်ရေးအတွက် အမျိုးသမီးများအတွက် လိုအပ်သည့် အကူအညီများ...
(ဓာတ်ပုံ - Crd)
August 19, 2026
ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...