လက်နက်ကိုင်ဆောင်၍ မူးယစ်ဆေးဝါး သုံးစွဲရောင်းချသူတစ်ဦးအား စုံနံ့သာကျေးရွာတွင် ပစ်ခတ်ဖမ်းဆီးရမိ

လက်နက်ကိုင်ဆောင်၍ မူးယစ်ဆေးဝါး သုံးစွဲရောင်းချသူတစ်ဦးအား စုံနံ့သာကျေးရွာတွင် ပစ်ခတ်ဖမ်းဆီးရမိ

ရေးမြို့နယ် စုံနံ့သာကျေးရွာတွင် လက်နက်ကိုင်ဆောင်၍ မူးယစ်ဆေးဝါး သုံးစွဲရောင်းချသူတစ်ဦး၏ နေအိမ်ကို စက်တင်ဘာလ ၁၂ ရက် နေ့လယ်ပိုင်းက ရဲများလာဝိုင်းစဥ် ထွက်ပြေးရာ သေနတ်ပစ်ခတ်ပြီး ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း ရေးမြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။

သတင်းအရ စုံနံ့သာကျေးရွာ၌ မူးယစ်ဆေးဝါး သုံးစွဲရောင်းချနေသည်ဟုဆိုသည့် အထွန်း (ခ) ထွန်းနိုင် (အသက် ၃၀ နှစ်) ၏ နေအိမ်သို့ လုံခြုံရေးရဲများနှင့် ကျေးရွာတာဝန်ရှိသူများ ဝင်ရောက်လာစဥ် အိမ်နောက်ဖေးဘက်မှ ထွက်ပြေးခဲ့ကြောင်း၊ ရဲက သေနတ်ပစ်ခတ်သဖြင့် အထွန်း၏ ဝဲဘက်တင်းပါး ပေါက်ထွက်ဒဏ်ရာတစ်ချက်ဖြင့် ဖမ်းဆီးရမိကြောင်း ရဲမှတ်တမ်းက ဖော်ပြသည်။  

ထို့အတူ ၄င်းလွယ်ထားသော သားရေအိတ်အတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွမူးယစ်ဆေးဝါး ၆၉၀ ပြားနှင့် R စာတမ်းပါ ပန်းရောင်စိတ်ကြွမူးယစ်ဆေးဝါး ၈၅ ပြား စုစုပေါင်း ၇၇၅ ပြား၊ ၄င်းနေအိမ် အိပ်ခန်းအတွင်းမှ ဘိန်းဖြူဟုယူဆရသည့် အခဲအမှုန့်အကြေ ၁၅၀ ဂရမ်ခန့်၊ သေနတ်မောင်းတုန်းတစ်ခု၊ ပြောင်းမပါလုပ်သေနတ်ဒင်တစ်ခုနှင့် မူယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသော ငွေရောင်ခဲပြား ၁၂ တို့ကို ရဲက သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ထို့ပြင် အဆိုပါဘိန်းဖြူကို ကော့ဒွတ်ကျေးရွာနေ မွန်အမျိုးသားတစ်ဦးထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အထွန်းက ထွက်ဆိုထားသည်ဟု ဆိုသည်။

အဆိုပါဖြစ်စဥ်ကို ရေးမြို့မရဲစခန်း၌ မယ(ပ) ၅၂/၂၀၂၁။ မူး/စိတ်ပြောင်း ပုဒ်မ ၁၉(က) အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၉ ရက်နေ့ ညပိုင်းအချိန်က သထုံမြို့နယ်၊ လိပ်အင်းရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးတွင် PROBOX အမျိုးအစားမော်တော်ယာဉ်ပေါ်မှ ဇော်မြင့် (ခ) ကုလားပု (၃၉) နှစ်နှင့် ရဲနိုင်စိုး (ခ) ကုလား (၂၅) နှစ်တို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၅၈၀ ပြား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှု တိုက်ဖျက်ရေး ဗဟိုကော်မတီ CCDAC MYANMAR က သတင်းဖော်ပြထားသည်။

Most read this week

August 25, 2026
မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှ...
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...
August 24, 2026
ထိုင်းနိုင်ငံ၏ တရားဝင် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုအဖြစ် မှတ်ပုံတင်နိုင်ရေးအတွက်...
August 22, 2026
မွန်ပြည်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် စစ်ဘေးရှောင်နေရသူများ ရေဘေးအန္တရာယ်ပါ ထပ်မံကြုံ...