၁၆ ပဲရည် ရွှေတစ်ကျပ်သား ကျပ် ၁၉ သိန်း ၁ သောင်းအထိ တဟုန်ထိုးမြင့်တက်

၁၆ ပဲရည် ရွှေတစ်ကျပ်သား ကျပ် ၁၉ သိန်း ၁ သောင်းအထိ တဟုန်ထိုးမြင့်တက်

ယခုအပတ်အတွင်း ရွှေစျေးနှုန်းများ တရိတ်ရိတ်မြင့်တက်လာခဲ့ရာမှ ယနေ့တွင် ၁၆ ပဲရည် ၁ ကျပ်သားကို ကျပ် ၁၉ သိန်း ၁ သောင်းအထိ တဟုန်ထိုးမြင့်တက်သွားသည်ဟု သတင်းရရှိသည်။

ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းတည့် ၁၂ နာရီနောက်ပိုင်းတွင် ၁၆ ပဲရည်ရွှေစင် ၁ ကျပ်သားကို ၁,၉၁ဝ,ဝဝဝ ကျပ်အထိ မြင့်တက်သွားခဲ့သည်ဟု ရွှေဆိုင်ပိုင်ရှင်များက ပြောသည်။

စစ်တွေရှိ မြင့်မိုရ်ရိပ် ရတနာရွှေဆိုင်ပိုင်ရှင် ဒေါ်ခင်မေကျော်က “ဒီနေ့ နေ့လယ်မှ စျေးတက်သွားတာပါ။ မနက်ကတော့ ၁၈ သိန်း ၅ သောင်းစျေးနဲ့စျေးဖွင့်တာပေါ့။ ဒါပေမဲ့ ဝယ်သူတစ်ယောက်မှမရှိပါဘူး။ ရွှေစျေးကွက် ဘယ်လိုဖြစ်မလဲမသိတော့ဘူး” ဟု ပြောသည်။

စစ်တွေရှိ လှိုင်ရတနာရွှေဆိုင်ပိုင်ရှင် ဦးမောင်လှတင်ကလည်း ယနေ့ ၁၆ ပဲရည် ၁ ကျပ်သားကို ၁၉ သိန်း ၁ သောင်း ထိုးတက်သွားခဲ့သည်မှာ ဟုတ်မှန်သည်ဟု ဆိုသည်။

ယမန်နေ့ စက်တင်ဘာ ၁ဝ ရက်နေ့ နံနက်ပိုင်းက ၁၆ ပဲရည် ၁ ကျပ်သားကို ၁,၈ဝ၂,ဝဝဝ ကျပ်ခန့်ရှိခဲ့ရာမှ ယင်းနေ့ မွန်းတည့် ၁၂ နာရီနောက်ပိုင်းတွင် ၁,၈၅ဝ,ဝဝဝ ကျပ်အထိ မြင့်တက်သွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့တွင် ၁၆ ပဲရည် ရွှေ ၁ ကျပ်သားကို ၁,၆၅ဝ,ဝဝဝ ကျပ်ရှိခဲ့ရာမှ ယနေ့အတွင်း တစ်ကျပ်သားကို ကျပ် ၃ သိန်းဝန်းကျင်အထိ တဟုန်ထိုး ထိုးတက်သွားခြင်းဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်များက နိရဥ္စရာအား ပြောသည်။

 
 

 

 

Most read this week

August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...