တရုတ်ကွန်မြူနစ်ပါတီနှင့် အာရှမှနိုင်ငံရေးပါတီများပြုလုပ်သည့် အွင်လိုင်းဆွေးနွေးပွဲသို့ ရခိုင်အမျိုးသားပါတီ (ANP) ပါဝင်တက်ရောက်

တရုတ်ကွန်မြူနစ်ပါတီနှင့် အာရှမှနိုင်ငံရေးပါတီများပြုလုပ်သည့် အွင်လိုင်းဆွေးနွေးပွဲသို့ ရခိုင်အမျိုးသားပါတီ (ANP) ပါဝင်တက်ရောက်

တရုတ်ကွန်မြူနစ်ပါတီနှင့် အရှေ့တောင်အာရှ၊ တောင်အာရှမှ  နိုင်ငံရေးပါတီ (၁ဝဝ) ကျော်တို့ ပြုလုပ်သည့် အွင်လိုင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံက တစ်ခြားပါတီသုံးခုနှင့်အတူ ရခိုင်အမျိုးသားပါတီ (ANP) လည်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

၎င်းအွန်လိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီခန့်က “နိုင်ငံရေးပါတီများ ပေါင်းစည်းစွမ်းအားနဲ့ ဆောင်ရွက်ခြင်းအားဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့” ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံ နိုင်ငံရေးပါတီများအထဲက ရခိုင်အမျိုးသားပါတီနှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP) မှ ကိုယ်စားပြုကိုယ်စားလှယ် တစ်ဦးစီ တက်ရောက်ခဲ့သည်ဟု ရခိုင်မျိုးသားပါတီ (ANP) မှ ကိုယ်စားပြုတက်ရောက်ခဲ့သည့် ဗဟိုအလုပ်အမှုဆောင် ဦးခိုင်ကျော်မိုးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

“တက်ရောက်တဲ့လူတွေက အများသောအားဖြင့် နားထောင်ပေးရတာပေါ့။သူတို့က အကြောင်းအရာ (၃) ခုဆွေးနွေးတယ်။ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့ Highlight လုပ်ပြီး ပြောသွားတာမရှိဘူး။ အထူးသဖြင့်တော့ ပါတီတွင်းပူးပေါင်းဆောင်ရွက်ရေးနဲ့ လူငယ်ရေးရာကိစ္စကို ဦးစားပေးပြောသွားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

၄င်းအစည်းအဝေးတွင် အဓိကအချက် ၃ ချက်ကို ဆွေးနွေးခဲ့ကြပြီး ယင်းအချက်များမှာ ကိုဗစ်-၁၉ တိုက်ဖျက်ရေးနဲ့ပတ်သက်၍ တရုတ်လုပ်ဆောင်ချက်များ၊ ဒေသတွင်းပါတီအချင်းချင်းကြားတွင် ပူးပေါင်းဆောင်ရွက်မှုရှိစေရန်နှင့် လူငယ်ရေးရာကိစ္စတို့အား ဆွေးနွေးခဲ့ကြောင်း သူကဆက်ပြောသည်။

ရခိုင်အမျိုးသားပါတီအနေဖြင့် တရုတ်ဖြင့် နိုင်ငံရေးသံတမန်ဆက်ဆံရေး အရင်ကတည်းက ကောင်းမွန်သဖြင့် တစ်နိုင်ငံလုံးမှ (၄) ပါတီဖိတ်ကြားမှုတွင် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ကျွန်တော်တို့ ANP ပါတီက တရုတ်နဲ့ နိုင်ငံတကာသံရုံးတို့ တခြား သံရုံးတို့ဘာတို့နဲ့ ဆက်ဆံရေးကောင်းတယ်။ အာဏာမသိမ်းခင်တည်းက ရှိခဲ့တာပါ။ ကျွန်တော်ကိုယ်တိုင်လည်း တရုတ်ခရီးစဉ်တွေ သွားဖူးပါတယ် ပါတီကိုယ်စားပြုပေါ့။ တရုတ်နဲ့ ကျွန်တော်တို့ ဆက်ဆံရေးကောင်းတဲ့အတွက် တန်ဖိုးထားပြီး သူတို့အနေနဲ့ဖိတ်တယ်လို့ ကျွန်တော်မြင်တယ်” ဟု ဆက်ပြောသည်။

ရခိုင်အမျိုးသားပါတီသည် ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလက ပြုလုပ်ခဲ့သည့် ပါတီစုံရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ အမတ်အရေအတွက် အများဆုံးအနိုင်ရရှိခဲ့တဲ့ ပါတီတစ်ခုဖြစ်ပြီး လက်ရှိ နစက ကောင်စီတွင် ပါတီထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်အေးနုစိန်ပါဝင်နေမှုကြောင့် ပါတီတွင်း သဘောထားကွဲလွဲမှုများလည်း ပေါ်ပေါက်နေကြောင်း သိရှိရသည်။

Most read this week

August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...