စစ်ကောင်စီရဲ့ ယန္တာရား လည်ပတ်စေတဲ့ လုပ်ငန်းကို ရပ်တန့်ဖို့ KSCC လုပ်ဆောင်မည်

စစ်ကောင်စီရဲ့ ယန္တာရား လည်ပတ်စေတဲ့ လုပ်ငန်းကို ရပ်တန့်ဖို့ KSCC လုပ်ဆောင်မည်

ကရင်နီပြည်နယ်တွင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ယန္တာရားတွေကို အထောက်အကူပြုစေနိုင်တဲ့ မည့်သည့်လုပ်ငန်းကိုမဆို ရပ်ဆိုင်းထားဖို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC က တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

”ပထမတစ်ချက်က ပြောရမယ်ဆိုရင်တော့ စစ်ကောင်စီရဲ့ အဓိက ငွေကြေးယန္တာရားကို လည်ပေးနေတဲ့ တင်ဒါလုပ်ငန်းတစ်ခုလည်း ဖြစ်နေတယ်ပေါ့နော။ စစ်ကောင်စီရဲ့ ဒီ သက်ဆိုးရှည်စေနိုင်တဲ့ တင်ဒါလုပ်ငန်းတွေမှာ ပါဝင်မယ်ဆိုရင် အသက်သွင်းပေးသလို ဖြစ်မှာစိုးတဲ့အတွက် စစ်ကောင်စီရဲ့ လုပ်ငန်းတွေမှာ အဓိက ငွေပေါ့နော။ ငွေတွေကို ရှာပေးနေတဲ့ လမ်းကြောင်းတစ်ခုဖြစ်တဲ့ တင်ဒါလုပ်ငန်းကို ပြည်သူတွေအနေနဲ့ မပါဝင်ပေးဖို့ဆိုတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ မလုပ်ဖို့ဆိုတဲ့ တစ်ချက်ပေါ့။ ဒါက အဲ့ဒီဟာရဲ့ ရည်ရွယ်ချက်တစ်ချက်ဖြစ်တယ်။“

လက်ရှိမှာ လမ်း၊ လမ်းတံတားဆောက်လုပ်ရေးလုပ်ငန်း စီမံကိန်းတွေအသစ်တွေ စစ်ကောင်စီက ဆောင်ရွက်နေတာတွေရှိတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ တင်ဒါလုပ်ငန်းတွေအားလုံး ချက်ချင်းရပ်ဆိုင်းကြဖို့ ပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့များ KNDF အနေနဲ့ လိုက်လံစစ်ဆေးခြင်းနဲ့ အရေးယူဆောင်ရွက်ခြင်းတွေ အတူတကွ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ KSCC က စက်တင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဓိက စစ်အာဏာစနစ် ပြုတ်ကျဖို့အတွက် ဆောင်ရွက်နေတာဖြစ်တယ်လို့ KNDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

”လူထုအကျိုး မကြည့်ဘူးလားဆိုတော့ အဓိက ကျနော်တို့လိုတာက စနစ်ကို အရင်ဆုံးတည်ဆောက်မယ်။ စနစ်ပြီးရင်တော့ လူသားဖွံ့ဖြိုးတိုးတက်ဖို့ ဝိုင်းဆောက်ရင်တော့ ခဏလေးပါပဲ။ လောလောဆယ်ကတော့ တိုက်ပွဲတွေရှိအုံးမယ်။ တိုက်ပွဲပြင်းထန်မယ်။ အဲ့ဒီအတွက် ဒါကို ကျနော်တို့ ရပ်တန့်ဖို့ပြောလိုက်တာပါပဲ။ အကျိုးမရှိတာမဟုတ်ပါဘူး။ အကျိုးရှိပါတယ်။ အသွားအလာလုပ်လို့ရတယ်။ ဒါပေမယ့် အဲ့တာထက် အရေးကြီးနေတာက စစ်ကောင်စီပြုတ်ဖို့ အရေးကြီးနေတာလေ။ အဲ့ကတော့ ကျနော်တို့ ရှင်းရှင်းလင်းလင်းပြောချင်တာပါ။“

လုပ်ငန်းရှင်တွေအနေနဲ့ စစ်ကောင်စီအောက်မှာ လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့နဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ တင်ဒါလုပ်ငန်းအားလုံးကို စစ်ဆေးအရေးယူသွားမယ်လို့ ဆိုပါတယ်။

 
 

 

 

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...