အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး၊ ၃ ဦး ထိခိုက်ဒဏ်ရာရ

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး၊ ၃ ဦး ထိခိုက်ဒဏ်ရာရ

ယမန်နေ့ စက်တင်ဘာလ ၉ ရက်နေ့မှာ ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်မှုရှိခဲ့ပြီး နန်းဖဲကျေးရွာမှာ နှမ်းခုတ်နေတဲ့ ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်ကာ သေဆုံးသွားပြီး ၃ ဦး ဒဏ်ရာရသွားတယ်လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။

“ဒီနေ့လည်း နှမ်းခုတ်မယ့်သူကလည်းများတယ်။ တောင်ယာချင်းကဆက်နေတော့ လူငှားလိုက်ကြတာ အဲ့တာ သူတို့လှမ်းမြင်တော့။ သူတို့ကို တက်တိုက်ထားလို့ စိတ်တိုတာလားမသိ လှမ်းပစ်လာတယ်တဲ့။ အဲ့တာ ဦးလေးတစ်ယောက်က ဗိုက်မှန်လို့ အူတောင်ထွက်တယ်။ ကောင်ကလေးတစ်ယောက်လည်း ထိတယ်။ ကောင်မလေးတစ်ယောက်က ပေါင်ထိသွားတယ်။ နောက်ကောင်မလေးတစ်ယောက်ကတော့ ပွဲချင်းပြီးဆုံးသွားတယ်လို့ပြောတယ်။” လို့ အဆိုပါဒေသခံက ပြောပါတယ်။

ယမန်နေ့ စက်တင်ဘာလ ၉ ရက်နေ့ နေ့လည် ၁၂ နာရီခွဲဝန်းကျင်လောက်မှာ မတ်စလောင်းတောင်ပေါ်ကနေ စတင်ပစ်ခတ်တာဖြစ်ပြီး နှမ်းခင်းထဲမှာ နှမ်းခုတ်နေတဲ့ ဒေသခံတွေကို ထိသွားတာလို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီးဟာ အသက်၂၀ ဝန်းကျင်ဖြစ်တယ်လို့ သိရပါတယ်။ လက်နက်ကြီးပစ်ခတ်သံကြားပြီး နှမ်းခင်းထဲကနေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ အမျိုးသားတစ်ဦး ပျောက်ဆုံးနေပြီး သူ့ရဲ့အခြေအနေကို မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ဘောလခဲမြို့နယ်မှာ ပြီးခဲ့တဲ့ဩဂုတ်လက စစ်ကောင်စီနဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရပါတယ်။

Photo: သေဆုံးသွားသော အမျိုးသမီးတဦး (ဓါတ်ပုံ – CJ)

 
 

 

 

Most read this week

August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...
August 20, 2026
ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ လျှော့ချနိုင်ရေးအတွက် အမျိုးသမီးများအတွက် လိုအပ်သည့် အကူအညီများ...
(ဓာတ်ပုံ - Crd)
August 19, 2026
ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...