မူဆယ်မြို့နယ် စိန်ကျော့ပြည်သူ့စစ်စခန်း မီးရှို့ခံရ

မူဆယ်မြို့နယ် စိန်ကျော့ပြည်သူ့စစ်စခန်း မီးရှို့ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စု မိုင်းမိုင်စခန်း (စိန်ကျော့ပြည်သူ့စစ်စခန်း) မီးရှို့ခံရကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ စက်တင်ဘာ (၉) ရက် မနက် ၈ နာရီခန့်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့က လာရောက်မီးရှို့ကြောင်း စုံစမ်းသိရှိရသည်။

“ခုလက်ရှိချိန်ထိ ရှို့နေတုန်းပဲ။ ဘယ်သူမှ အနီးမသွားရဘူး။ ဘယ်သူလဲဆိုတာတော့ ကျနော်တို့တော့ မပြောရဲဘူး။ အဲ့အနီးနားနေတဲ့ သူတွေတော့ TNLA စစ်သားတွေကိုမြင်တယ်လို့ပြောတယ်” ဟု စယ်လန့်ဒေသခံတစ်ဦး သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုတပ်စခန်းအတွင်း စစ်ကောင်စီနှင့် ပြည်သူ့စစ်များ အတူနေထိုင်ပြီး လက်ရှိ သတင်းရေးသားနေသည့်အချိန်ထိ စခန်းများရှို့နေကြောင်း ဒေသခံများက ပြောဆိုကြသည်။

“တစ်ပတ်လောက်ရှိပြီ အဲ့ဘက်က တောင်ယာတွေမသွားရတာ။ TNLA က မပေးတက်သွားဘူး” ဟု စယ်လန့်ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မီးရှို့သည့်ကိစ္စနှင့်ပတသက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က “ကျနော်တို့လဲ မေးကြည့်နေတုန်းပဲ။ ဘယ်အဖွဲ့ဆိုတာတော့ မသိရသေးဘူး။ ကျနော်တို့အဖွဲ့ကို မေးကြည့်တော့ ဒီနေ့မနက်မှာ တိုက်ပွဲဖြစ်တာတော့မရှိဘူး။ ကျနော်တို့ လှုပ်ရှားနယ်မြေအတွင်းတော့ ဖြစ်တာပေါ့နော်။ အရင်ကတည်းက ကျနော်တို့ လှုပ်ရှားမှုရှိပါတယ်” ဟု သျှမ်းသံတော်ဆင့် ကိုပြောသည်။

စိန်ကျော့ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင်သည် ၁၉၈၉ ခုနှစ်က စစ်တပ်နှင့် အပစ်ရပ်ငြိမ်းချမ်းရေးယူထားသည့် သျှမ်းလက်နက်ကိုင်တပ်တစ်ခု၏ ဥကဋ္ဌ ဗိုလ်ချုပ်လွယ်မောဆိုသူဖြစ်သည်။

၂၀၀၉ ခုနှစ်တွင် တပ်မဟာသုံးခု ဦးဆောင်ပြီး စစ်အစိုးရလက်အောက်ခံ ပြည်သူ့စစ်တပ်အဖြစ် အသွင်ပြောင်းထားသည်။

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...