မူဆယ်မြို့နယ် စိန်ကျော့ပြည်သူ့စစ်စခန်း မီးရှို့ခံရ

မူဆယ်မြို့နယ် စိန်ကျော့ပြည်သူ့စစ်စခန်း မီးရှို့ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စု မိုင်းမိုင်စခန်း (စိန်ကျော့ပြည်သူ့စစ်စခန်း) မီးရှို့ခံရကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ စက်တင်ဘာ (၉) ရက် မနက် ၈ နာရီခန့်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့က လာရောက်မီးရှို့ကြောင်း စုံစမ်းသိရှိရသည်။

“ခုလက်ရှိချိန်ထိ ရှို့နေတုန်းပဲ။ ဘယ်သူမှ အနီးမသွားရဘူး။ ဘယ်သူလဲဆိုတာတော့ ကျနော်တို့တော့ မပြောရဲဘူး။ အဲ့အနီးနားနေတဲ့ သူတွေတော့ TNLA စစ်သားတွေကိုမြင်တယ်လို့ပြောတယ်” ဟု စယ်လန့်ဒေသခံတစ်ဦး သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုတပ်စခန်းအတွင်း စစ်ကောင်စီနှင့် ပြည်သူ့စစ်များ အတူနေထိုင်ပြီး လက်ရှိ သတင်းရေးသားနေသည့်အချိန်ထိ စခန်းများရှို့နေကြောင်း ဒေသခံများက ပြောဆိုကြသည်။

“တစ်ပတ်လောက်ရှိပြီ အဲ့ဘက်က တောင်ယာတွေမသွားရတာ။ TNLA က မပေးတက်သွားဘူး” ဟု စယ်လန့်ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မီးရှို့သည့်ကိစ္စနှင့်ပတသက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က “ကျနော်တို့လဲ မေးကြည့်နေတုန်းပဲ။ ဘယ်အဖွဲ့ဆိုတာတော့ မသိရသေးဘူး။ ကျနော်တို့အဖွဲ့ကို မေးကြည့်တော့ ဒီနေ့မနက်မှာ တိုက်ပွဲဖြစ်တာတော့မရှိဘူး။ ကျနော်တို့ လှုပ်ရှားနယ်မြေအတွင်းတော့ ဖြစ်တာပေါ့နော်။ အရင်ကတည်းက ကျနော်တို့ လှုပ်ရှားမှုရှိပါတယ်” ဟု သျှမ်းသံတော်ဆင့် ကိုပြောသည်။

စိန်ကျော့ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင်သည် ၁၉၈၉ ခုနှစ်က စစ်တပ်နှင့် အပစ်ရပ်ငြိမ်းချမ်းရေးယူထားသည့် သျှမ်းလက်နက်ကိုင်တပ်တစ်ခု၏ ဥကဋ္ဌ ဗိုလ်ချုပ်လွယ်မောဆိုသူဖြစ်သည်။

၂၀၀၉ ခုနှစ်တွင် တပ်မဟာသုံးခု ဦးဆောင်ပြီး စစ်အစိုးရလက်အောက်ခံ ပြည်သူ့စစ်တပ်အဖြစ် အသွင်ပြောင်းထားသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...