(၈၂) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့သို့ ရခိုင်အမျိုးသားပါတီ သဝဏ်လွှာပို့

(၈၂) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့သို့ ရခိုင်အမျိုးသားပါတီ သဝဏ်လွှာပို့

ယနေ့ စက်တင်ဘာလ ၉ ရက်တွင်ကျရောက်သည့် (၈၂) နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့သို့ ရခိုင်အမျိုးသားပါတီက ယနေ့တွင် သဝဏ်လွှာတစ်စောင်ပေးပို့လိုက်သည်။

အဆိုပါသဝဏ်လွှာတွင် ကျေးဇူးတော်ရှင် ဆရာတော်ဦးဥတ္တမသည် မိမိအသက်ကို ပဓာနမထားဘဲ ရခိုင်ပြည်သူများအတွက်သာမက မြန်မာနိုင်ငံ တဝှမ်းလုံးအတွက်ပါ ကြီးမားသောနှလုံးရည်ဖြင့် ဗြိတိသျှနေမဝင်အင်ပါယာကြီးကို တော်လှန်တိုက်ခိုက်ကာ လွတ်လပ်ရေးအလင်း စတင်ဖွင့်လှစ်ခဲ့သည့် ရခိုင့်အာဇာနည် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်သည်ဟု ဖော်ပြထားသည်။

အသျှင်ဥတ္တမသည် မိမိဘဝ မိမိအသက်ကို စတေးလျက် နယ်ချဲ့တို့ကို အံတု၍ သူ့ကျွန်မခံစိတ်ဓာတ်ကို ပြင်းပြစွာပြသနိုင်ခဲ့ခြင်း ဉာဏ်ပညာအမြော်အမြင်ကြီးမားကာ ဘာသာစကားမြောက်မြားစွာ တတ်မြောက်ခြင်း၊ ရာထူး စည်းစိမ်မက်မောမှုမရှိခြင်း၊ ပြည်သူအများ လွတ်မြောက်ရေးတစ်ခုကိုသာ အာရုံစူးစိုက်ခြင်း၊ ထောင်အကြိမ်ကြိမ် ရထားခံရသော်လည်း ဆင်းရဲဒုက္ခများစွာကို ရင်ဆိုင်အံတုလျက် မြန်မာနိုင်ငံအပါအပင် ကိုလိုနီနိုင်ငံများကို လွတ်မြောက်ရေးအသိပညာ မဆုတ်မနစ် သွတ်သွင်းခြင်းစသည်တို့အတွက် ခေါင်းဆောင်များကပါ လေးစား အသိအမှတ်ပြုခံခဲ့ရသည့် အလွန်ထူးမြတ်သော ခေါင်းဆောင်တစ်ဦးဖြစ်သည်ဟုလည်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ဆရာတော်အရှင်ဥတ္တမသည် ရက်စက်မှုကြမ်းတမ်းမှု၊ ဖိနှိပ်မှု အားကြီးသောကာလတွင် နှစ်ပေါင်းများစွာ အပစ်ပယ်ခံ မထင်မရှားဘဝဖြင့် ပျံလွန်တော်မူခဲ့ရသော်လည်း အသျှင်ကို သမိုင်းက နိုးထစေခဲ့ပြီး သမိုင်းက အသျှင်ကို မှတ်တမ်းတင်ခဲ့ဟုလည်းဆိုသည်။

ဆရာတော်ဦးဥတ္တမတော် နယ်ချဲ့ ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးစိတ်ဓာတ်သည် ကျွန်ပြုခံ လူမျိုးများ၏ လွတ်မြောက်ရာ အလင်းပြင်းထူးတန်ဆောင်ဖြစ်ရာ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆုံးရှုံးနေသည့် ရခိုင်လူမျိုးများအတွက် ဆရာတော်၏ မဆုတ်မနစ်သော ဇွဲ၊ လုံ့လဝီရိယကို စံယူကာ အခက်အခဲအတားအဆီးများကို ကျော်ဖြတ်၍ ရှေ့သို့ချီတက်ရန် မိမိတို့ပါတီမှ အဓိဋ္ဌာန်ပြုသည်ဟုလည်း ရခိုင်အမျိုးသားပါတီက ဆိုထားသည်။

ရခိုင်အမျိုးသားပါတီသည်. ဆရာတော်အသျှင်ဥတ္တမ၏ နယ်ချဲ့ကိုလိုနီလှိုင်းတံပိုးအောက်မှ အဖိနှိပ်ခံ ပြည်သူများ၏ လွတ်မြောက်ရေးသမိုင်းဝင် ကြီးမြတ်သော ကြိုးပမ်းချက်များကို အစဉ်အမြဲဦးညွတ်လျက် ရခိုင်ပြည်သူ လူထုနှင့် မျိုးဆက်သစ်ရခိုင်လူငယ်များ အစဉ်အလေးထား အောက်မေ့သတိရနေမည့် အမျိုးသားရေးလှုပ်ရှားမှု သမိုင်းမှတ်တိုင်အဖြစ် မှတ်ယူမော်ကွန်းတင် ဂုဏ်ပြုဦးညွတ်သည့်အကြောင်းကိုလည်း သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။

 
 

 

 

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...