နိုင်ငံရေးလှုပ်ရှားမှုမရှိသည့် လူငယ်တစ်ဦးကို စစ်ကောင်စီက အကြောင်းမဲ့ဖမ်းဆီး

နိုင်ငံရေးလှုပ်ရှားမှုမရှိသည့် လူငယ်တစ်ဦးကို စစ်ကောင်စီက အကြောင်းမဲ့ဖမ်းဆီး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် နိုင်ငံရေးလှုပ်ရှားမှုနှင့် စစ်အာဏာရှင်လှုပ်ရှားမှုများတွင် ပါဝင်ခြင်းမရှိသည့် လူငယ်တစ်ဦးကို အာဏာသိမ်းစစ်ကောင်စီမှ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။

မြေပြင်တွင် နိုင်ငံရေးလှုပ်ရှားမှုမရှိရုံသာမက ဆိုရှယ်မီဒီယာအွန်လိုင်းပေါ်မှာလည်း နိုင်ငံရေးနှင့်ပက်သက်သော အကြောင်းအရာတင်ခြင်းများလည်း မရှိသည့် တောင်ကြီးမြို့ ချမ်းသာရပ်ကွက် နယ်မြေ (၈) နေ မောင်ဇော်ဇော်ဝင်းအမည်ရှိ လူငယ်ကို ယမန်နေ့ (စက်တင်ဘာ ၇ )ရက် ည ၁၁ ကျော်အချိန်တွင် စစ်ကောင်စီတို့က အိမ်ခန်းထဲထိ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူ (မောင်ဇော်ဇော်ဝင်း) က သာမာန်ပြည်သူတစ်ဦးပါပဲ၊ သူ့မှာ နိုင်ငံရေးလှုပ်ရှားမှုလည်း မရှိပါဘူး၊ ပြီးတော့ ဆိုရှယ်မီဒီယာမှာလည်း ဘာမှမတင်တာ ၄ လ လောက်ရှိနေပြီတဲ့၊ စစ်ကောင်စီတွေက နေအိမ်ဝင်းတံခါးကိုဖျက်ပြီး ဝင်တယ်၊ တချို့က အုတ်တံတိုင်းကို ကျော်ပြီးဝင်တယ် အင်အား ၂၀ ကျော်နဲ့ လာဖမ်းသွားတယ်” ဟု တောင်ကြီးမြို့နေ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မောင်ဇော်ဇော်ဝင်းသည် ချမ်းသာရပ်ကွက်တွင် မိဘများနှင့် အတူနေထိုင်သည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်ပြီး စစ်ကောင်စီတို့မှ နာမည်စာရင်းဖြင့် လာရောက်ရှာဖွေကာ အကြောင်းရင်းကို ပြောပြချင်းမရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မောင်ဇော်ဇော်ဝင်းဆိုတာ ဘယ်တစ်ယောက်လဲဆိုပြီးတော့ အိမ်ထဲဝင်လာတာ၊ ပြီးတော့ မဆိုင်တဲ့သူတွေ အပြင်အကုန်ထွက်ဆိုပြီး သေနတ်ကြီးနဲ့ ချိန်ပြီးပြောတာ၊ ဘာကြောင့်ဖမ်းလဲဆိုတာကို အိမ်သားတစ်ဦးမေးတော့ စစ်သားတစ်ယောက်က ပါးရိုက်ပြီး ခြေထောက်နဲ့ ဆောင့်ကန်လိုက်သေးတယ်” ဟု အထက်ပါပုဂ္ဂိုလ် ပြောသည်။

လက်ရှိတွင် မောင်ဇော်ဇော်ဝင်းကို ဘာကြောင့် ဖမ်းခေါ်သွားသည်ကို မသိရှိရသည့်အပြင် မည်သည့်နေရာသို့ ဖမ်းဆီးထားကြောင်းလည်း မသိရကြောင်း၊ မိသားစုဝင်များ အလွန်စိုးရိမ်ပူပန်နေကြောင်းလည်း သိရသည်။

စစ်ကောင်စီတို့သည် နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် အာဏာရှင်ပြုတ်ချရေး ဆန္ဒပြတောင်းဆိုသူများအပါအဝင် နိုင်ငံရေးနှင့်ပက်သက်ဆက်နွယ်မှုမရှိသည့် သျှမ်းပြည်အတွင်းမှ လူငယ်လူရွယ်များ စုစုပေါင်း ၅၀၀ နီးပါးတို့သည် အကြောင်းပြချက်မရှိဘဲ စစ်ကောင်စီတို့၏ မတရား ဖမ်းဆီးခေါ်ဆောင်မှုကို ခံထားရပါသည်။

 
 

 

 

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...