နမ့်လန်ဒေသရေကြီး နေအိမ်တချို့ ပျက်စီး

နမ့်လန်ဒေသရေကြီး နေအိမ်တချို့ ပျက်စီး

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်ဒေသတွင် ရေကြီးသဖြင့် နေအိမ်တစ်အိမ်ပျက်စီးပြီး တစ်ချို့နေအိမ်မှာ တစ်ခြားနေရာသို့ ပြောင်းရွေ့ရကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ စက်တင်ဘာ (၇) ရက်တွင် နမ့်လန်မြို့ရှိ အနိမ့်ပိုင်းရပ်ကွက်တစ်ချို့နှင့် ကျေးရွာတစ်ချို့ ရေကြီးမှုများ ကြုံတွေ့ခဲ့ရကြောင်း သတင်းရရှိသည်။

“သုံးနှစ်လုံးလုံး ဒီလိုဖြစ်တယ်။ ဒီနှစ်က ပိုဆိုးနေတယ်။ ကျမတို့ အိမ်မှာ အနည်းငယ် ထိသွားတယ။ ခြံစည်းရိုးတွေ ထိသွားတာ” ဟု ပန်ဟိုက် ရပ်ကွက် ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ (၁၀) နာရီချိန်ထိ ရေကြီးနေပြီး ပန်ဟိုက်ရပ်ကွက်က ဒေသခံတစ်ချို့ ပစ္စည်းများကို တခြားရပ်ကွက်သို့ ပြောင်းရွေ့နေကြောင်း သိရသည်။

“မိုး ၂ ရက်ဆက်တိုက် ရွာသွန်းသဖြင့် အနိမ့်ပိုင်းဒေသမှာ ရေကြီး။ တောင်ကျရေတွေ ချောင်းတွေ က လာတဲ့ ရေတွေဖြစ်တယ်။ ရပ်ကွက်ထဲကပဲဖြစ်တယ်။ နိမ့်တဲ့အပိုင်းတွေ ရေကြီးတာ” ဟု နမ့်လန်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မိုးရွာသွန်းမှုကြောင့် နမ့်လန်မြို့ရှိ ပန်ဟိုက်ရပ်ကွက်၊ ကောင်းလန်းရပ်ကွက်နှင့် နမ့်လုတ်ကျေးရွာတို့သည် ရေကြီးမှုဒဏ် ခံရသည်။

နမ့်လန်ဒေသသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တုန်းကလည်း မိုးအဆက်မပြတ်ရွာသွန်းသဖြင့် ရေကြီးမှုဒဏ်ခံခဲ့ရပြီး ပျက်စီးဆုံးရှုံးမှု များပြားခဲ့သည်။

 
 

 

 

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...