မောင်တောတွင် ကျပ်သိန်း ၂ဝဝ ခန့်ရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မောင်တောတွင် ကျပ်သိန်း ၂ဝဝ ခန့်ရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကျပ်သိန်း ၂ဝဝ ခန့်ရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သည့်ဆေးပြားများအရေအတွက်မှာ ၉၇၅ဝ ပြားရှိပြီး ကာလပေါက်စျေး ၁၉၅ သိန်းရှိသည်ဟုလည်း မူးယစ်အထူးတပ်ဖွဲ့က ယမန်နေ့ စက်တင်ဘာ ၆ ရက်တွင် ထုတ်ပြန်ထားသည်။

ယင်းဆေးပြားများကို စက်တင်ဘာလ ၅ ရက် ည ၆ နာရီခွဲတွင် မောင်တောမြို့၊ (၄) မိုင်ကျေးရွာအုပ်စု၊ သာယာကုန်း ကျေးရွာအနီး၊ ကျီးကန်းပြင်သွားလမ်းတွင် လမ်းလျှောက်လာသူ ဒေါ်နုနု (ခ) ချေချေ (၃၃ နှစ်) နှင့် မောင်လှသိန်း (၄၁ နှစ်) တို့အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးရှာဖွေရာ ဒေါ်နုနု (ခ) ချေချေ လွယ်ထားသော လက်ကိုင်အိတ်အတွင်းမှ တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူနှစ်ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားသည်ဟုလည်း သိရသည်။

မောင်တောမြို့နယ်၊ ကျီးကန်းပြင်စစ်ဆေးရေးဂိတ်တွင် သြဂုတ်လ ၂၇ ရက်ကလည်း ကျပ် ၁ဝ ဘီလီယံကျော်တန်ဖိုးရှိ WY ဆေးပြားများနှင့် အိုက်စ် (မက်သ်အဖက်တမင်း) များကို NISSAN ၈ ဘီး ဆီဘောက်ဆာယာဉ်ဖြင့် မန္တလေးမှ မောင်တောမြို့နယ် တောင်ပြိုသို့ပို့ဆောင်လာစဉ် ဖမ်းမိခဲ့သည်ဟု သိရသည်။

 
 

 

 

Most read this week

August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...