အာဏာသိမ်းမှုကြောင့် အင်းတော်ကြီးဒေသထွက် ဩဂဲနစ်စပါး ရောင်းဝယ်အခက်အခဲနှင့် ကြုံရ

အာဏာသိမ်းမှုကြောင့် အင်းတော်ကြီးဒေသထွက် ဩဂဲနစ်စပါး ရောင်းဝယ်အခက်အခဲနှင့် ကြုံရ
အင်းတော်ကြီး သဘာဝလယ်ယာသီးနှံစိုက်ပျိုးရေးအသင်းမှ ရောင်းချသည့် ဩဂဲနစ်ဆန်များ
အင်းတော်ကြီး သဘာဝလယ်ယာသီးနှံစိုက်ပျိုးရေးအသင်းမှ ရောင်းချသည့် ဩဂဲနစ်ဆန်များ

စစ်တပ်က အာဏာသိမ်းမှုကြောင့် ယခင်နှစ်က စိုက်ပျိုးထားသည့် ဩဂဲနစ်စပါးများကို ရောင်းဝယ်မှုအခက်အခဲများနှင့် ကြုံတွေ့ခဲ့ရကြောင်း တောင်သူများနှင့် အင်းတော်ကြီး သဘာဝလယ်ယာသီးနှံစိုက်ပျိုးရေးအသင်းထံမှ သိရသည်။

“ဒီနှစ်က နိုင်ငံရေးအခြေအနေကြောင့်မို့ ရန်ကုန်ကအော်ဒါတွေလည်း လုံးဝမရှိတဲ့အတွက် စက်ရုံက စပါးနှစ်ထောင်နီးပါးလောက်ပဲကြိတ်ဖြစ်သေးတယ်။ ကျွန်တော်တို့ ပေါ်ဆန်းမွှေး စမ်းစိုက်ထားတဲ့ဟာတွေ၊ ဧရာမင်းတို့ စမ်းစိုက်ထားတဲ့ဟာတွေ အော်ဒါတွေတော့မှာတယ်။ နောက်မှ မပို့ပေးခဲ့နဲ့တော့ ဆိုပြီးအဲ့လိုဖြစ်သွားတာ” ဟု ၎င်းအသင်းမှ ကိုကျော်မင်းထွန်းက ဆိုသည်။

ဩဂဲနစ်စိုက်ပျိုးရေးဖြင့် စိုက်ထားသည့် ချင်းသုံးစပါးကိုသာ ပေါက်စျေးထက် အနည်းငယ်စျေးပိုပြီး ရောင်းချခဲ့ကြရကြောင်း သိရသည်။

မြန်မာနိုင်ငံအောက်ပိုင်းတွင် စားသုံးမှုများသည့် ပေါ်ဆန်းမွှေး၊ ဧရာမင်း စသည့်စပါးများ ကျန်ရှိနေကြောင်း သိရသည်။

“ရိုးရိုးစျေးနဲ့ပဲ ရောင်းရတာ။ တချို့ မသိတဲ့သူတွေကတော့ ရိုးရိုးစပါးကိုပဲဝယ်စားကြတယ်။ ဩဂဲနစ်က စျေးနှစ်ထောင်ပိုကွာတယ်ဆိုပြီး” ဟု ဩဂဲနစ်စိုက်ပျိုးရေးတောင်သူတစ်ဦးကဆိုကဆိုသည်။

အင်းတော်ကြီးဒေသတွင် ၂၀၂၀ ခုနှစ်၌ ဩဂဲနစ်စိုက်ပျိုးထားသည့် လယ်ဧက တစ်ထောင်နီးပါးရှိကြောင်း သိရသည်။

ယခင်နှစ်က ဩဂဲနစ်စပါး (၁၇) တန်ဝယ်ယူရေးကို မြန်မာနိုင်ငံကုန်သည်ကြီးများအသင်း သဘောတူခဲ့သော်လည်း ကိုဗစ်-19 ကြောင့် ရောင်းချနိုင်ခြင်းမရှိခဲ့ကြောင်း အင်းတော်ကြီး သဘာဝလယ်ယာသီးနှံစိုက်ပျိုးရေးအသင်းမှ သိရသည်။

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...