KIA နှင့် စစ်ကောင်စီတိုက်ပွဲကြောင့် တိမ်းရှောင်ခဲ့သည့် ရှမ်းစစ်ရှောင်များ နေရပ်ပြန်သွားကြပြီ

KIA နှင့် စစ်ကောင်စီတိုက်ပွဲကြောင့် တိမ်းရှောင်ခဲ့သည့် ရှမ်းစစ်ရှောင်များ နေရပ်ပြန်သွားကြပြီ

ဧပြီလ (၁၁) ရက်နေ့ကတည်းကစတင်ခဲ့သည့်  KIA နှင့် စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် မန်နောင်ကျေးရွာသို့ တိမ်းရှောင်ခဲ့ရသည့် ရှမ်းစစ်ရှောင်များ နေရပ်ပြန်သွားပြီဖြစ်ကြောင်း ၎င်းစစ်ရှောင်များကို ကူညီပေးခဲ့သူများထံမှ သိရသည်။

“နည်းနည်းတော့ကျန်သေးတယ်။ ၆ အိမ်ထောင်စုလားမသိဘူး ။ရွာထဲနေကြတာ။ ရက်တော့အဲ့လိုမမှတ်ထားမိဘူး။ နီးတော့ပြန်သွားလိုက်။ ဖြစ်တော့ပြန်လာလိုက်နဲ့” ဟု စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးသူ ဒေသခံတစ်ဦးက ဆိုသည်။

ဇွန်လကစပြီး တိုက်ပွဲများပြန်တည်ငြိမ်ခဲ့ပြီးနောက် စစ်ရှောင်များကနေ့ဘက်တွင် ၎င်းတို့ကျေးရွာသို့ လယ်ယာစိုက်ပျိုးရေးအတွက် သွားရောက်လုပ်ကိုင်ပြီး ညဘက််တွင် ပြန်လာခဲ့ကြသည်။

တိုက်ပွဲများသည် ဇွန်လကုန်နောက်ပိုင်း တည်ငြိမ်လာခဲ့ပြီးနောက် တဖြည်းဖြည်း နေရပ်ပြန်သွားကြခြင်းဖြစ်သည်။

တိုက်ပွဲကြောင့် ကျေးရွာအတွင်းလက်နက်ကြီးများကျရောက်မှုများ၊ တိုက်ပွဲအရှိန်မြင့်တက်မှုများကြောင့် ထောင်နှင့်ချီသည့် ဒေသခံများက တိမ်းရှောင်လာခဲ့ခြင်းဖြစ်သည်။

၎င်းတို့သည် မန်နောင်ကျေးရွာနှင့် အနိီးပတ်ဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်းများ၊ မိုးမောက်မြို့ပေါ်ရပ်ကွက်များ၊ ခရစ်ယာန်ဘုရားကျောင်းများနှင့် ဗန်းမော်မြို့ပေါ်သို့တွင် တိမ်းရှောင်ခဲ့ခြင်းဖြစ်သည်။

မိုးမောက်မြို့နယ်ရှိ မြို့သစ်၊ မင်းကျမ်း၊ စီဟက်၊ ပန်ဟိုင်းချို၊ နောင်ကုန်၊ နောင်ကွမ်၊ မခွယ် စသည့်ကျေးရွာများမှ တိမ်းရှောင်လာခဲ့ကြခြင်းဖြစ်သည်။

 
 

 

 

July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...