ရှမ်းနီတိုင်းရင်းသားတို့၏ ရိုးရာပုံပြင်များကို မှတ်တမ်းတင်ထိန်းသိမ်းရန် ဖိတ်ခေါ်

ရှမ်းနီတိုင်းရင်းသားတို့၏ ရိုးရာပုံပြင်များကို မှတ်တမ်းတင်ထိန်းသိမ်းရန် ဖိတ်ခေါ်

ရှမ်းနီတိုင်းရင်းသားတို့၏ ဘိုးဘေးစဉ်ဆက် လက်ဆင့်ကမ်းခဲ့ကြသည့် ရိုးရာပုံပြင်များကို မှတ်တမ်းတင်ထိန်းသိမ်းရန်အတွက် ရှမ်းနီအမျိုးသား ညီညွတ်ရေးအစည်းအရုံး (SNUA) က စတင်နေပြီဖြစ်ကြောင်း သိရသည်။

၎င်းတို့အဖွဲ့အနေဖြင့် လက်တွေ့တွင် ကွင်းဆင်းမှတ်တမ်းတင်ရန်အခက်အခဲရှိနေသဖြင့် လူမှုကွန်ရက်စာမျက်နှာများ၊ ဖုန်းအဆက်အသွယ််များ၊ အီးမေလ်များဖြင့် ဒေသခံလူထုများက ဆက်သွယ်ပေးပို့ပေးကြပါရန် ဖိတ်ခေါ်ထားသည်။

ရှမ်းနီအမျိုးသားများညီညွတ်ရေးအစည်းအရုံးက စာပေယဉ်ကျေးမှု နှင့် သမိုင်းသုတေသနကော်မတီ ဖွဲ့စည်းပြီး ရှမ်းနီတိုင်းရင်းသားတို့၏ သမိုင်း၊ စာပေယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်းများကို မှတ်တမ်းတင်မှုများ၊ သုတေသနပြုခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ထိုမှတ်တမ်းတင်မှုအားဖြင့် ရှမ်းနီိတိုင်းရင်းသားတို့၏ အကြောင်းများကို ပြည်တွင်းပြည်ပက တွင်ကျယ်စွာသိရှိလာနိုင်ကြမည့်အပြင်၊ သုတေသနပြုလိုသူများအတွက်လည်း အထောက်အကူပြုနိုင်မဖြစ်သည်ဟု ၎င်းတို့၏ ဖိတ်ခေါ်စာတွင် ပြောဆိုထားသည်။

ရှမ်းနီတိုင်းရင်းသားတို့သည် မြန်မာပြည်မြောက်ပိုင်းတွင် နှစ်ပေါင်းများစွာကတည်းက နေထိုင်လာခဲ့ကြသည့် ဌာနေလူမျိုးစုတစ်ခုဖြစ်သည်။

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...