မြိတ်မြို့က သတင်းထောက်တစ်ဦး ထပ်မံဖမ်းဆီးခံရ

မြိတ်မြို့က သတင်းထောက်တစ်ဦး ထပ်မံဖမ်းဆီးခံရ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့အခြေစိုက် Eleven Media သတင်းထောက် ကိုဇော်မိုးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ မိသားစုဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သတင်းထောက် ကိုဇော်မိုးဦးကို ဒီကနေ့ စက်တင်ဘာ ၁ ရက်နေ့ မနက် ၁ နာရီအချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကားသုံးစီးနဲ့ရောက်လာပြီး တံခါးအတင်းဖွင့်ခိုင်းကာ ဖမ်းဆီးသွားခဲ့တာပါ။

"အိမ်ထဲ အတင်းဝင်လာတယ်၊ပြီးတော့ ဖုန်းတွေသိမ်းတယ်၊ တစ်အိမ်လုံးရှာဖွေပြီးမှ ခဏခေါ်သွားမယ်ပြောပြီး ဖမ်းသွားတာ" လို့ ကိုဇော်မိုးဦးရဲ့ ဇနီးဖြစ်သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သတင်းထောက် ကိုဇော်မိုးဦးကို ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားလဲ မသိရသေးသလို မိသားစုနဲ့ လက်ရှိအချိန်ထိ အဆက်အသွယ် မရသေးပါဘူးလို့ သိရပါတယ်။

ကိုဇော်မိုးဦးဟာ မြိတ်မြို့က ထုံးဖိုလူငယ်များ ပရဟိတနာရေးကူညီမှုအသင်း အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကိုဗစ်အရေးအတွက် နေ့ရောညပါ ပါဝင်ကူညီဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။

တနင်္သာရီတိုင်းမှာ‌ေတာ့ စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းထောက် ၄ ဦးထိ ဖမ်းဆီးခံထားရပါတယ်။

 
 

 

 

ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...