မြိတ်မြို့က သတင်းထောက်တစ်ဦး ထပ်မံဖမ်းဆီးခံရ

မြိတ်မြို့က သတင်းထောက်တစ်ဦး ထပ်မံဖမ်းဆီးခံရ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့အခြေစိုက် Eleven Media သတင်းထောက် ကိုဇော်မိုးဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ မိသားစုဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သတင်းထောက် ကိုဇော်မိုးဦးကို ဒီကနေ့ စက်တင်ဘာ ၁ ရက်နေ့ မနက် ၁ နာရီအချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကားသုံးစီးနဲ့ရောက်လာပြီး တံခါးအတင်းဖွင့်ခိုင်းကာ ဖမ်းဆီးသွားခဲ့တာပါ။

"အိမ်ထဲ အတင်းဝင်လာတယ်၊ပြီးတော့ ဖုန်းတွေသိမ်းတယ်၊ တစ်အိမ်လုံးရှာဖွေပြီးမှ ခဏခေါ်သွားမယ်ပြောပြီး ဖမ်းသွားတာ" လို့ ကိုဇော်မိုးဦးရဲ့ ဇနီးဖြစ်သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သတင်းထောက် ကိုဇော်မိုးဦးကို ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားလဲ မသိရသေးသလို မိသားစုနဲ့ လက်ရှိအချိန်ထိ အဆက်အသွယ် မရသေးပါဘူးလို့ သိရပါတယ်။

ကိုဇော်မိုးဦးဟာ မြိတ်မြို့က ထုံးဖိုလူငယ်များ ပရဟိတနာရေးကူညီမှုအသင်း အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကိုဗစ်အရေးအတွက် နေ့ရောညပါ ပါဝင်ကူညီဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။

တနင်္သာရီတိုင်းမှာ‌ေတာ့ စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းထောက် ၄ ဦးထိ ဖမ်းဆီးခံထားရပါတယ်။

 
 

 

 

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...