Pekhon–PDF နှင့် စစ်ကောင်စီတိုက်ပွဲဖြစ် အထိနာသည့် စစ်ကောင်စီ လွိုင်ကော်မြို့နယ်သို့ လက်နက်ကြီး ရမ်းသမ်းပစ်

Pekhon–PDF နှင့် စစ်ကောင်စီတိုက်ပွဲဖြစ် အထိနာသည့် စစ်ကောင်စီ လွိုင်ကော်မြို့နယ်သို့ လက်နက်ကြီး ရမ်းသမ်းပစ်

သျှမ်းပြည်နှင့် ကယားပြည် (ကရင်နီပြည်) စပ်ရှိ သျှမ်းတောင် ဖယ်ခုံမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဖယ်ခုံ) Pekhon–PDF နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့သည် အထိနာရခဲ့သည့်အတွက် ညအချိန်တွင် လွိုင်ကော်မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (စက်တင်ဘာလ ၁ ရက်) နေ့လည် ၂ နာရီခွဲဝန်းကျင်တွင် ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာဖက်သို့ ခြေလျင်စစ်ကြောင်း ချီတက်လာသော စစ်ကောင်စီတပ်သား အင်အား ၁၀၀ ခန့်သည် ခေါင်အိကျေးရွာ၏ အရှေ့ဖက် တောင်ကြောပေါ်အရောက်တွင် Pekhon-PDF များနှင့် ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း ဖယ်ခုံမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့က (စစ်ကောင်စီတပ်ဖွဲ့) ခေါင်းအိကျေးရွာရဲ့ အရှေ့ဖက်ကနေ ချီတက်လာတယ်၊ ရွာမရောက်ခင် တစ်ဖာလုံခွဲခန့်မှာ PDF နဲ့ ထိပ်တိုက်တွေ့မိပြီးတော့ တိုက်ပွဲဖြစ်ပွားခဲ့တာ၊ တိုက်ပွဲက တစ်နာရီလောက်ကြာတယ်၊ စကစဖက်က အထိနာတော့ သူတို့က ဆုတ်သွားတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

Pekhon–PDF နှင့် ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဖက်မှ တပ်သား (၂) ဦး ကျဆုံးသည့်အပြင် ထိခိုက်ဒဏ်ရာရသူများလည်း များပြားသည့်အတွက် ၎င်းတို့ဖက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ခြောက်လန့်ပစ်ခတ်ပြီး တပ်ဆုတ်သွားကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ဖယ်ခုံ PDF များနှင့် တိုက်ပွဲဖြစ်ပွားပြီး အထိနာခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့များသည် ညအချိန်တွင် လွိုင်ကော်မြို့အတွင်းသို့လည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင် ဒေသခံတစ်ဦးက သျှမ်းသံတာ်ဆင့်ကို ပြောသည်။

“မနေ့ညက ၁၀ နာရီဝန်းကျင်မှာ စပစ်တာပါ၊ သေနတ်သံတွေက ရပ်ကွက်တိုင်းရဲ့ ပတ်ပတ်လည်ကိုလှည့်ပြီး ပစ်နေတယ်လို့ သတိထားမိတယ်၊ အချက်ပေါင်းများစွာပဲ၊ နာရီဝက်ကျော်ကျော်လောက်ရှိမယ်၊ ထိခိုက်ပျက်စီးမှုတော့ မသိရသေးဘူး” ဟု လွိုင်ကော်မြို့နေ ဒေသခံပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ KNDF နှင့် စစ်ကောင်စီတပ်ဖွဲ့ တို့သည် လွိုင်လင်လေးကျေးရွာဖက်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီက ၎င်းတို့တပ်သား အင်အားဖြည့်တင်းမှုများ အဆက်မပြတ် ပြု လုပ်နေသော်လည်း စစ်ကောင်စီဖက်မှ အကျအရှုံးများနေကြောင်း သတင်းသိရသည်။

ကယားပြည်နယ် အတွင်းတွင် ပြီးခဲ့သည့် မေလမှစတင်ကာ စစ်ကောင်စီနှင့် KNDF တို့ကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ဇွန်လတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရယူခဲ့သော်လည်း ဩဂုတ်လဆန်းတွင် တကျော့ပြန်တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခဲ့ခြင်းဖြစ်သည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...