ကရင်နီပြည်နယ်မှာ ကိုဗစ်ကြောင့် နေ့စဉ်သေဆုံးသူရှိနေပြီး ဩဂုတ်လအတွင်း သေဆုံးသူ ၅၅ ဦးရှိနေ

ကရင်နီပြည်နယ်မှာ ကိုဗစ်ကြောင့် နေ့စဉ်သေဆုံးသူရှိနေပြီး ဩဂုတ်လအတွင်း သေဆုံးသူ ၅၅ ဦးရှိနေ

ကရင်နီပြည်နယ် ကိုဗစ်ကြောင့်သေဆုံးသူ နေ့စဉ်ရှိနေပြီး ဩဂုတ်လအတွင်း သေဆုံးသူ ၅၅ ဦးရှိတယ်လို့ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိအချိန်ထိ လွိုင်ကော်မြို့နယ်က ၇၄ ဦး၊ ဖရူဆိုမြို့နယ်မှာ ၁ ဦး၊ ဖားဆောင်းမြို့နယ်မှာ ၅ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။

ဆေးကုသမှုခံယူရင်း သေဆုံးသွားသူ ၇၄ ဦးရှိပြီး သေဆုံးပြီး ပိုးစစ်ကြည့်ရာမှ ကိုဗစ်ပိုးတွေ့သူ ၆ ဦးရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့မှာလည်း လွိုင်ကော်မြို့နယ်မှာ ၉ ဦး၊ ဘောလခဲမြို့နယ်မှာ ၁ ဦး၊ ဖားဆောင်းမြို့နယ်မှာ ၁၉ ဦး ပိုးတွေ့ရှိပြီး သေဆုံးသူ ၂ ဦးရှိပါတယ်။

ကရင်နီပြည်နယ်မှာ လက်ရှိအချိန်အထိ ကိုဗစ်ပိုးတွေ့ရှိသူ ၂,၁၃၀ ဦးရှိပြီး သေဆုံးသူ ၈၂ ဦးထိ ရှိလာပြီဖြစ်ပါတယ်။

 
 

 

 

Most read this week

August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...
August 20, 2026
ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ လျှော့ချနိုင်ရေးအတွက် အမျိုးသမီးများအတွက် လိုအပ်သည့် အကူအညီများ...
(ဓာတ်ပုံ - Crd)
August 19, 2026
ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...