ကရင်နီပြည်နယ် ကိုဗစ်ကြောင့်သေဆုံးသူ နေ့စဉ်ရှိနေပြီး ဩဂုတ်လအတွင်း သေဆုံးသူ ၅၅ ဦးရှိတယ်လို့ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လက်ရှိအချိန်ထိ လွိုင်ကော်မြို့နယ်က ၇၄ ဦး၊ ဖရူဆိုမြို့နယ်မှာ ၁ ဦး၊ ဖားဆောင်းမြို့နယ်မှာ ၅ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။
ဆေးကုသမှုခံယူရင်း သေဆုံးသွားသူ ၇၄ ဦးရှိပြီး သေဆုံးပြီး ပိုးစစ်ကြည့်ရာမှ ကိုဗစ်ပိုးတွေ့သူ ၆ ဦးရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စက်တင်ဘာလ ၁ ရက်နေ့မှာလည်း လွိုင်ကော်မြို့နယ်မှာ ၉ ဦး၊ ဘောလခဲမြို့နယ်မှာ ၁ ဦး၊ ဖားဆောင်းမြို့နယ်မှာ ၁၉ ဦး ပိုးတွေ့ရှိပြီး သေဆုံးသူ ၂ ဦးရှိပါတယ်။
ကရင်နီပြည်နယ်မှာ လက်ရှိအချိန်အထိ ကိုဗစ်ပိုးတွေ့ရှိသူ ၂,၁၃၀ ဦးရှိပြီး သေဆုံးသူ ၈၂ ဦးထိ ရှိလာပြီဖြစ်ပါတယ်။







