ပူတာအို ခမ်းတီးလုံဒေသရှိ နမ့်ကျို (မလိခ) မြစ်ရေ ဆယ်စုနှစ်အတွင်း အမြင့်ဆုံးမြင့်တက်

ပူတာအို ခမ်းတီးလုံဒေသရှိ နမ့်ကျို (မလိခ) မြစ်ရေ ဆယ်စုနှစ်အတွင်း အမြင့်ဆုံးမြင့်တက်

ပူတာအိုမြို့ (ခမ်းတီးလုံဒေသ) တွင် နမ့်ကျို (မလိခ) မြစ်ရေသည် ဆယ်စုနှစ်တစ်ခုအတွင်း အမြင့်ဆုံး မြင့်တက်ခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၂၆ ရက်နေ့ မနက်ကစတင်ပြီး ညအချိန်ထိ နမ့်ကျို (မလိခ) မြစ်ရေ တရိပ်ရိပ်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

“ဦးဇင်း ဒီမှာ ၁၃ နှစ်ကျောင်းထိုင်တာ ဒါပထမဆုံး ဒီလောက်ကြီးတာပါ။ ခါတိုင်းထက် ၁၀ ပေလောက်ပိုလာတယ်။ ကောင်းမှုလုံဘုရားစေတီ တောင်ဘက်ချောင်းဖက်မုခ်က ခြင်္သေ့ခြေရင်းရောက်တာ ၁၃ နှစ်မှာ ပထမဆုံးပါ။” ဟု မန်ပန်ဆရာတော်က မိန့်ကြားသည်။

ယနေ့ဩဂုတ်လ ၂၇ ရက်နေ့တွင် မြစ်ရေပြန်ကျသွားပြီး ပုံမှန်ရေကြီးမှုလောက်သာ ရှိတော့ကြောင်းသိရသည်။

မြစ်ရေမြင့်တက်မှုကြောင့် ပျက်ဆီးမှု တစ်စုံတစ်ရာမှ မရှိသေးကြောင်းသိရသည်။

“ဒီနှစ်အံ့ဩစရာပါ၊ အခုတော့ပုံမှန်ရေကြီးသလောက်ပဲဖြစ်သွားပါပြီ၊ ဦးသိန်းစိန်လက်ထက်က ဒီထက် ၄ ပေလောက်လျော့ပေမယ့် လယ်ယာတွေ အိုးအိမ်တွေ ကျွဲနွားတွေပျက်စီးသေကြေကြတယ်” ဟု ၎င်းက ဆက်လက်မိန့်ကြားသည်။

ခလိခမြစ်သည် မြန်မာနိုင်ငံမြောက်ဖျားရေခဲတောင်များဆီကနေ မြစ်ဖျားခံပြီး ကီလိုမီတာ ၃၂၀ (မိုင် ၂၀၀) ရှည်လျားသည်။

Photo: နမ့်ကျို (မလိခ) မြစ်ရေ မြင့်တက်နေသည့်မြင်ကွင်း

 
 

 

 

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...